Photo- တပ်မတော်- ရေ (တပ်မတော်ရေ စစ်ဆင်ရေး လက်တွေ့လေ့ကျင့်ခန်း မြင်ကွင်းကို တွေ့ရစဉ်)
လက်တွေ လေ့ကျင့်ခန်းတွေကို မေလ ၃ ရက်မှ ၁၈ ရက်အထိ ဆောင်ရွက်သွားမှာဖြစ်ပြီး ရေကြောင်းသတိပေးချက်တွေနဲ့ လေကြောင်းသတိပေးချက်တွေကို ကြေညာထားပါတယ်။
လေ့ကျင့်ခန်းဆောင်ရွက်စဉ် ကာလအတွင်း ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဧရိယာမှ ၅ မိုင်ပတ်လည်ကို သဘောၤကြီး၊ငယ်တွေ၊ ကုန်တင်၊ စက်လှေတွေ၊ ငါးဖမ်းသင်္ဘောတွေ၊ စက်တပ်သမ္ဗန်တွေ ဖြတ်သန်းသွားလားတာ၊ ကျောက်ချရပ်နားတာ၊ ငါးဖမ်းတာ၊ ငါးဖမ်းကိရိယာတွေ ချထားတာမျိုးမရှိစေဖို့နဲ့ လေယာဉ်၊ ရဟတ်ယာဉ်တွေ အမြင့်ပေ ၁၅၀၀၀ အောက် ဖြတ်ကျော် ပျံသန်းခြင်းမပြုဖို့ သတင်းထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
စစေ်ရေးလ့ကျင့်ခန်းဧရိယာအဖြစ် Point AA မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၀ မိနစ်၊ Point BB မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၀၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၀ မိနစ်၊ Point CC မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၀ မိနစ်၊ Point DD မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၁၀ မိနစ် စသည့် Coordinates အမှတ်တွေကို ဆက်ဆွဲထားတဲ့ ဧရိယာတွေ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။