ဒီနေ့ ဒီဇင်ဘာ ၂၀ ရက်မှာ ဆွေးနွေးခဲ့တာ
Mi Thawdar Aung

တစ်သောင်းတန်ငွေစက္ကူအတုတွေ ထွက်ရှိနေတာနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီနဲ့ ဗဟိုဘဏ်က တာဝန်ရှိသူတွေ ဒီကနေ့ ဒီဇင်ဘာ ၂၀ ရက် နေ့လယ်ပိုင်းက အမျိုးသားလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ အစည်းအဝေးခန်းမမှာ ဆွေးနွေးခဲ့ကြတယ်လို့ဗဟိုဘဏ်ကသိရပါတယ်

ပြည်သူ့ငွေစာရင်းကော်မတီအနေနဲ့ ဗဟိုဘဏ်က တစ်ဒေါ်လာကို ကျပ် (၁၅၇၀) နှုန်းနဲ့ ဒေါ်လာ ၃၄ သန်းကို (၂) ရက်အတွင်း ဝယ်ယူခဲ့တဲ့ ကိစ္စ၊ ကျပ်တစ်သောင်းတန် ငွေစက္ကူအတုတွေ ထွက်ရှိနေတဲ့ ကိစ္စတို့နဲ့ ပတ်သက်ပြီး အစည်းအဝေးလုပ်မှာ ဖြစ်တာကြောင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ခံရှင်းလင်းနိုင်မယ့် ညွှန်ကြားရေးမှူးချုပ် အဆင့်ထက်မနိမ်တဲ့ ပုဂ္ဂိုလ်တွေကို ဖိတ်ကြားခဲ့တာလည်းဖြစ်ပါတယ်။

အခုလတ်တလောမှာ တစ်သောင်းတန်ငွေစက္ကူအတုသုံးစွဲမှု၊ တွေ့ရှိမှု တို့နဲ့ ပတ်သက်ပြီး ဗဟိုဘဏ် ဥပဒေအရ အရေးယူဖမ်းဆီးမှုတွေရှိနေခဲ့တာလည်းဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၈ ရက်က မြိတ်မြို့မှာ ဘဏ်ကတစ်ဆင့် ငွေလာလွှဲသူမှာ တစ်သောင်းတန်အတုတွေ တွေ့ရှိခဲ့တယ်ဆိုပြီးတော့ ဗဟိုဘဏ် ဥပဒေနဲ့အရေးယူခဲ့ပြီး ဒီဇင်ဘာ ၆ ရက်တုန်းကလည်း စင်ကာပူကနေ အလုပ်လုပ်ပြီး ပြန်လာတဲ့ နော်သောသွဲ့ထူးဆိုတဲ့ မိန်းကလေးဆီမှာလည်း တစ်သောင်းတန် ငွေစက္ကူအတုတွေတွေ့ရှိတယ်ဆိုပြီးတော့ အရေးယူမှုလုပ်ထားပါတယ်။

တစ်သောင်းတန် အတု တွေ့ရှိမှုမှာ အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်နဲ့ ငွေဒဏ်ချမှတ်နိုင်တဲ့ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၅၊ အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်ကနေ အများဆုံး ထောင်ဒဏ် နှစ် ၂၀ အထိ ကျခံနိုင်တဲ့ ပုဒ်မ ၁၀၆ တို့နဲ့ ဖမ်းဆီးခံထားရတာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က