၃၄ သိန်းကျော်ပြန်လည်ပေးခဲ့တာဖြစ်ပါတယ်။

ဒိုက်ဦးမြို့နယ်မှာ တစ်သောင်းတန်အတုအမှုနဲ့ ဖမ်းဆီးခံခဲ့ရတဲ့ နော်သော့သွဲ့ထူးကို စင်ကာပူက သူ့ရဲ့အလုပ်ရှင်ကနေ ဆုံးရှုံးသွားတဲ့ ပိုက်ဆံတွေအတွက် ထပ်ပြီးပေးအပ်လိုက်တယ်လို့ သိရပါတယ်။

Photo - မောင်တင့်

တစ်သောင်းတန်းအတုတွေကြောင့် စင်ကာပူက ရလာတဲ့ လုပ်အားခငွေ ကျပ် ၂၉ သိန်းကို ဆုံးရှုံးခဲ့တာကြောင့် စင်ကာပူက အလုပ်ရှင်ကနေ နောက်ထပ် ကျပ် ၃၄ သိန်းကျော်ကို အစားထိုးပေးလိုက်တာလည်းဖြစ်ပါတယ်။

"ဇန်နဝါရီ ၈ ရက်နေ့က ဟိုဘက်ကနေ ငွေလွှဲပေးပါတယ်။ ၃၄ သိန်းကို နည်းနည်းစွန်းသေးတယ်။ အလုပ်ပြန်လုပ်ဖို့ကတော့ ဒီမှာ အမှုရင်ဆိုင်နေရသေးတော့ ဘာမှသေချာမသိရသေးပါဘူး။ ကလေးမလေးကတော့ ဆုံးရှုံးသွားတဲ့ပိုက်ဆံတွေပြန်ရသွားတော့ ဝမ်းသာပါတယ်။"လို့ လယ်ကြားမြောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှဝင်းက Duwun ကိုပြောပါတယ်။

စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်ပြီး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတဲ့ ဒိုက်ဦးမြို့ နယ်၊ စစ်ဗိုလ်ကြီးကျေးရွာအုပ်စု၊ လယ်ကြားမြောင်ကျေးရွာတွင်နေထိုင်တဲ့ မနော်သောသွဲထူး ကိုမြန်မာငွေကျပ် တစ်သောင်းတန် ငွေစက္ကူအတုတွေ သုံးစွဲခဲ့တယ်ဆိုပြီးတော့ဒိုက်ဦးမြို့နယ် တရားရုံးမှာ မြန်မာနိုင်ငံ ဗဟိုဘဏ်ဥပဒေပုဒ်မဖြင့် တရားစွဲဆိုခံထားရပါတယ်။

နာ်သော့သွဲထူးဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာတုန်းက စင်ကာပူနိုင်ငံမှာ အိမ်အကူလုပ်ကိုင်ခဲ့ပြီး အိမ်ရှင်အမျိုးသမီးက လုပ်အားခရှင်းရာမှာ စင်ကာပူနိုင်ငံက MM Sharife Trader မှာ လဲလှယ်ခဲ့တဲ့ ငွေတွေဖြစ်ပြီး ငွေအတုတွေဖြစ်တယ်ဆိုတာ သိရှိခြင်းမရှိဘဲ သုံးစွဲခဲ့တာဖြစ်ပါတယ်။



က္က