ငါးရာတန်ထီတွေကို မေလမှာ ရပ်နားတော့မယ်လို့သိရပါတယ်။

ကျပ်တစ်ထောင်တန် ထီလက်မှတ်တွေကို ဈေးကွက်မှာ အရှုံးခံပြီး ရောင်းချနေရတယ်လို့ ထီအရောင်းကိုယ်စားလှယ်တွေဆီကနေ သိရပါတယ်။

ငွေကျပ် သိန်းတစ်သောင်းခွဲ ဆုချီးမြှင့်မယ့် တစ်စောင်လျှင် တစ်ထောင်နှုန်းနဲ့ ထီလက်မှတ်တွေကို ဖေဖော်ဝါရီလ ၁ ရက်မှာ စတင်ရောင်းချခဲ့ရာ ပြည်သူအများစုက ငွေကြေးအခြေအနေကြောင့် ဝယ်ယူမှုတွေနည်းပါးသွားတယ်လို့ ကမာရွတ်မြို့နယ်အနီးတစ်ဝိုက်မှာ ရောင်းချနေတဲ့ ထီကိုယ်စားလှယ်တွေက ပြောပါတယ်။

“အရင်လို ဆယ်စောင်ထိုးတဲ့သူတွေက တစ်စောင်ကို တစ်ထောင်ဆိုတော့ ငါးစောင်လောက်ပဲ ထိုးကြတော့တယ်။ ထိုးသမျှ လူတိုင်းက ပြောတယ်။ သူတို့ သိန်းတစ်သောင်းခွဲ မလိုချင်ဘူး။ အရင်းနည်းနည်းပဲ မျှော်လင့်တယ်။ အဓိကကတော့ ပြည်သူတွေအတွက် ဝင်ငွေနဲ့ မျှအောင်ထိုးချင်တာပေါ့။ တစ်ထောင်တန် ဆယ်စောင်ဆိုရင် တစ်သောင်းဆို ထိုးမယ့်သူအနေနဲ့ အရင်းများနေတယ်။ ရောင်းအားတော်တော်ကျသွားတယ်။ ဒီနားတစ်ဝိုက်က အားလုံး အရှုံးခံပြီး ရောင်းနေရတယ်။ “ လို့ ထီအရောင်းကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ကိုသက်ဇော်အောင်က Duwun ကိုပြောပါတယ်။
လက်ရှိမှာဈေးကွက်အတွင်း ငါးရာတန်ထီနဲ့ တစ်ထောင်တန်ထီတွေကို ရောင်းချနေရပြီး ရောင်းအားပါးတာကြောင့် တစ်ထောင်တန်ထီ ဝယ်ယူတဲ့သူတွေကို စောင်ရေအနည်းအများပေါ်မူတည်ပြီး ငါးရာတန်ထီတွေကို လက်ဆောင်အဖြစ် ပေးလိုက်တယ်လို့ ထီအရောင်းကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ဆီမှာတော့ တစ်ထောင်တန်ထီ ပိုရောင်းရပါတယ်။ အခုမှ စထွက်တာ၊ သိန်းတစ်သောင်းဆိုတော့ ဝယ်ကြပါတယ်။ ငါးရာတန်ထီတွေကို တစ်ထောင်တန်စောင်ရေ ဝယ်တဲ့အပေါ်မူတည်ပြီး လက်ဆောင်အဖြစ်ပေးပါတယ်” လို့ အောင်ပြည့်စုံ ထီအရောင်းကိုယ်စားလှယ် ကိုအေးကျော်စွာက ပြောပါတယ်။

တစ်ထောင်ကျပ်ထီအတွက် ဆုကြေးငွေ သိန်းတစ်သောင်းခွဲကို လာမယ့် မတ်လ ၁ ရက်နေ့မှာ စတင်ပေးသွားမယ်လို့လည်း သိရပါတယ်။ အ

စိုးရက ငါးရာတန် ထီလက်မှတ်တွေကို မေလလောက်မှာ ရောင်းချမှာ မဟုတ်တော့ဘဲ တစ်ထောင်တန်ထီကိုသာ ရောင်းချတော့မှာ ဖြစ်တာကြောင့် ထီအရောင်းဈေးကွက် ဆက်တိုက်ကျဆင်းသွားမယ်လို့ ကိုယ်စားလှယ်တွေက သုံးသပ်ပြောဆိုနေကြပါတယ်။



က္က