စက်တင်ဘာလ(၂၃)ရက်နေ့က စတင်ပြေးဆွဲခဲ့တာပါ။
Ei Ei Htun

မြို့ပတ်ယာဉ်လိုင်းမှာ တစ်နေ့အစီးရေ (၁၇)စီးကျော်က အခေါက်ရေ(၅၉)ခေါက်ပြေးးဆွဲပေးလျှက်ရှိကာ အသုံးပြုတဲ့ ခရီးသည်ကတော့ တစ်နေ့ကို (၂၃၂၂)ဦးလောက်က အသုံးပြုစီးနင်းလျှက်ရှိတယ်လို့ YRTA အတွင်းရေးမှူး ဦးလှအောင်ကပြောပါတယ်။



ရန်ကုန်မြို့တွင်း Scania ကားအမျိုးအစား မြို့ပတ်ယာဉ်များကို စက်တင်ဘာလ(၂၃)ရက်နေ့ကစတင်ပြေးဆွဲခဲ့ပါတယ်။ တစ်နေ့ကို ခရီးသည်ပျမ်းမျှ (၂၀၀၀ )ကျော်လောက်က မြို့ပတ်ယာဉ်လိုင်းမှာ စီးနင်းလျှက်ရှိတယ်လို့ YRTA သတင်းစာရှင်းလင်းပွဲကနေသိရပါတယ်။

“မြို့ပတ်ယာဉ်များစတင်ပြေးဆွဲတဲ့ စက်တင်ဘာ(၂၃)ရက်နေ့ကနေ (၁)ရက်နေ့ထိ (၉)ရက်အတွင်းကို ယာဉ်အစီးရေပေါင်း (၁၃၈)စီးနဲ့ အခေါက်ရေပေါင်း (၅၃၁)ခေါက်မှာ ခရီးသည်ပေါင်း တစ်သောင်းကျော်ကို သယ်ယူပို့ဆောင်ပေးနိုင်ခဲ့တယ်။ စက်တင်ဘာလ(၂၃)ရက်နေ့ကနေ အောက်တိုဘာလ(၁)ရက်နေ့ထိ ကောက်ယူရရှိတဲ့ စစ်တမ်းတွေအရ တစ်ရက်ကိုပျမ်းမျှ (၁၇)စီးကျော်ပြေးဆွဲနေတယ်။ တစ်နေ့ကို ခရီးသည်ပျမ်းမျှ (၂၃၂၂)ဦးလောက်က မြို့ပတ်ယာဉ်လိုင်းမှာ စီးနှင်းလျှက်ရှိတယ်”လို့ YRTA အတွင်းရေးမှူး ဦးလှအောင်ကပြောပါတယ်။


မြို့ပတ်ယာဉ်များမပြေးဆွဲခင် ယာဉ်မောင်းများကို သင်တန်းပေးခဲ့ပြီးတော့ သင်တန်းမှာကျေနပ်ဖွယ်ရာမရှိတဲ့ယာဉ်မောင်းတွေကို မောင်းနှင်ခွင့် မပြုဘူးလို့ဦးလှအောင်ကပြောပါတယ်။ မြို့ပတ်ယာဉ်တွေကို အခုအောက်တိုဘာလထဲမှာ ယခုပြေးဆွဲနေတဲ့ ယာဉ်အစီးရေထက် တိုးပြီးပြေးဆွဲနိုင်အောင် စီစဉ်ဆောင်ရွက်လျှက်ရှိတယ်လို့ သိရပါတယ်။ မြို့ပတ်ယာဉ်လိုင်းတွေက Scania ကားအမျိုးအစားတွေဖြစ်ပြီး အတက်၊အဆင်း တံခါးပေါက် (၃)ပေါက်ရှိကာ ဝှီးချဲသမားတွေအတွက် အတက်၊အဆင်းလုပ်လို့ရတဲ့ တံခါးပေါက်လည်းပါရှိပါတယ်။



ပြေးဆွဲနေတဲ့ ယာဉ်လမ်းကြောင်းတွေကတော့ ယာဉ်လမ်းကြောင်း (၁) မှာ အောင်မင်္ဂလာ အဝေးပြေးဝင်းမှ စတင်ထွက်ခွာပြီး အမှတ်(၃) လမ်းမကြီး၊ ၆ ကွေ့၊ သုဓမ္မာလမ်း၊ ဝေဇယန္တာလမ်း၊ ပါရမီလမ်း၊ ဘေလီထိပ်၊ သံသုမာလမ်း၊ စံပြဈေး၊ ပြည်ထောင်စု ခုံးကျော်တံတား၊ သံသုမာလမ်း (သုဝဏ္ဏ) ကြက်ဘဲဈေး၊ သမိန်ပရမ်းလမ်း၊ အထက်ပုဇွန်တောင်လမ်း၊ ၅၁ လမ်းထိပ်၊ ဗိုလ်တစ်ထောင်ဘုရားလမ်း၊ ကမ်းနားလမ်း၊ ကြည့်မြင်တိုင်ကမ်းနားလမ်း၊ ဘုရင့်နောင်လမ်း၊ ဘုရင့်နောင်လမ်းဆုံ၊ သမိုင်းဘူတာရုံလမ်း၊ သမိုင်းလမ်းဆုံ၊ ကျိုက်ဝိုင်းဘုရားလမ်း၊ ၈ မိုင်၊ ကမ္ဘာအေးဘုရားလမ်း၊ နဝဒေး၊ အုတ်ပုံဆိပ်လမ်း၊ သုဓမ္မာလမ်း၊ ၆ ကွေ့၊ အမှတ်(၃) လမ်းမကြီးမှ အောင်မင်္ဂလာအဝေးပြေးသို့ ရောက်ရှိပါတယ်။။ ယာဉ်လမ်းကြောင်း (၂) ကတော့ ယာဉ်လမ်းကြောင်း (၁)ရဲ့ မျက်နှာချင်းဆိုင် လမ်းကြောင်းအတိုင်းပြေးဆွဲပေးနေတာပါ။


က္က