၂၀၁၆ ခုနှစ်က ၁၃၂၅ စင် တီမီတာ ဆိုပြီး အမြင့်ဆုံးစိုးရိမ်ရေမှတ်ဆီရောက်ခဲ့ဖူးပါတယ်။

မန္တလေးမြို့ရဲ့ဧရာဝတီမြစ်ရေဟာ ဒီကနေ့မွန်းတည့် ၁၂ နာရီအချိန်တိုင်းတာချက်အရ မြို့ရဲ့စိုးရိမ်ရေမှတ်နားအထိရောက်နေပြီဖြစ် တာကြောင့် မြေနိမ့်ပိုင်းနေသူတွေနဲ့မြစ်ကမ်းနားဘေးနေသူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ မိုး/ဇလဌာနက အကြံပြုသတိပေးထားပါတယ်။

အခုလလယ်လောက်ကစလို့ တစ်ရက်ကိုတစ်ပေနှုန်းနဲ့မြင့်တက်ခဲ့တဲ့ ဧရာဝတီမြစ်ရေဟာ ဒီကနေ့မနက်ပိုင်းမှာတော့ မြို့ရဲ့စိုးရိမ်ရေ မှတ် ၁၂၆၀ စင်တီမီတာရောက်ဖို့ ၁၇ စင်တီမီတာ(၆ လက်မကျော်)သာလိုတော့ပြီး အခုနေ့လယ်ပိုင်းအထိ အဲဒီစိုးရိမ်ရေမှတ်နားမှာ ရပ်တန့်နေတယ်လို့ သိရပါတယ်။



ဒါကြောင့်လည်း မြေနိမ့်ပိုင်းနေသူတွေနဲ့မြစ်ကမ်းနားဘေးနေသူတွေဟာ မြစ်ရေကြီးမှုအခြေအနေအပေါ်သတိပြုနေထိုင်ကြဖို့ မိုးဇလ က အကြံပြုသတိပေးထားပြီး ဒါနဲ့ပတ်သက်လို့လည်း "ဇူလိုင်လလယ်ကနေသြဂုတ်လရဲ့ပထမပတ်အတွင်းဟာ မန္တလေးတိုင်းအတွင်း ရေဘေးဖြစ်တတ်တဲ့အချိန်ကာလတွေပါ၊ မြစ်ရေကတစ်ရက်ကိုတစ်ပေနှုန်းနဲ့မြင့်တက်ခဲ့တာပါ၊ အခုစိုးရိမ်ရေမှတ်အထိ ရောက်လာနိုင်ပါတယ်၊ ရေဘေးအန္တရာယ်နဲ့ပတ်သက်လို့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ထားသင့်တယ်" လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ အထက်မြန်မာပြည်ဌာနခွဲမှ ညွှန်ကြားရေးမှူးဦးကျော်လွင်ဦးကပြောပါတယ်။

မန္တလေးမြို့ရဲ့ဧရာဝတီမြစ်ရေဟာ လက်ရှိအခြေအနေမှာ ၁၂၄၃ စင်တီမီတာ(၂၃၀ ဒသမ ၁၈ ပေ)ကိုရောက်နေပြီး မြို့ရဲ့စိုးရိမ်ရေ မှတ်ကတော့ ၁၂၆၀ စင်တီမီတာ(၂၃၀ ဒသမ ၇၄ ပေ) ဖြစ်ပါတယ်။ မန္တလေးမြို့ရဲ့ဧရာဝတီမြစ်ရေဟာ ၁၉၇၄ ခုနှစ်က ၁၃၄၂ စင်တီမီတာ၊ ၂၀၀၄ ခုနှစ်က ၁၃၈၂ စင်တီမီတာ၊ ၂၀၁၆ ခုနှစ်က ၁၃၂၅ စင် တီမီတာဆိုပြီး အမြင့်ဆုံး စိုးရိမ်ရေမှတ်တွေဆီ ရောက်ခဲ့ဖူးပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က