မနက်(၆)နာရီကစပြီး ပြေးဆွဲမှာပါ။

ပြေးဆွဲမှု အချိန်ကာလအတော်ကြာ ရပ်နားထားခဲ့တဲ့ Yangon Water Bus ကို ဩဂုတ်လ (၁)ရက်နေ့မှာ ပြန်လည်ပြေးဆွဲတော့မှာဖြစ်တယ်လို့သိရပါတယ်။

Yangon Water Busရဲ့ Facebook စာမျက်နှာမှာ ကြေညာထားချက်အရ ပထမဆုံးခရီးစဉ်လမ်းကြောင်း (၁)အနေနဲ့ မနက် (၆)နာရီမှာ လမ်းသစ်-ဆာပါချောင်းဆိပ်ကမ်းကိုပြေးဆွဲမှာဖြစ်တယ်လို့ သိရပါတယ်။ COVID ကာလဖြစ်တဲ့အတွက် ရောဂါကာကွယ်ထိန်းချုပ်ရေးအစီအစဉ်အဖြစ် Mask တပ်ထားတဲ့သူတွေကိုသာ စီးနင်းခွင့်ပြုသွားမယ်လို့ဆိုပါတယ်။ ပြန်လည်ပြေးဆွဲမယ့် ဩဂုတ်လ (၁)ရက်နေ့မှာတော့ ပထမဆုံးပြန်လည်ပြေးဆွဲခြင်းအထိမ်းအမှတ်အဖြစ် တစ်နေ့လုံး ခရီးစဉ်လမ်းကြောင်းအားလုံးကို အခမဲ့ ပျော်ရွှင်စွာ စီးနင်းခွင့်ပြုမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ 



Yangon Water Bus ကို ၂၀၁၇ခုနှစ် အောက်တိုဘာလက စတင်ပြေးဆွဲခဲ့ပြီးနောက် ရေယာဉ်များ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းနဲ့ စက်ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများလုပ်ကိုင်ရန်၊ စီးနင်းခငွေပေးချေရန် စနစ်သစ်အတွက် စက်တွေတပ်တင်ဆင်ရန် စတဲ့အကြောင်းအရာတွေကြောင့် ၂၀၁၉ စက်တင်ဘာလကစလို့ ပြေးဆွဲမှုကို ယာယီရပ်နားခဲ့တာပါ။ 

ယခုပြန်လည်စတင်ပြေးဆွဲမယ့် ဩဂုတ်လ (၁)ရက်နေ့မှာတော့ ငွေပေးချေရန် Payment စက်များလည်း တပ်ဆင်ထားပြီးဖြစ်လို့ စီးနင်းခကိုလည်း KBZPay ၊ CP Payနဲ့ Wave account တွေကနေလည်း ငွေပေးချေနိုင်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က