စောင့်ကြည့်ခံလူနာအရေအတွက်က ရန်ကုန်မှာအများဆုံးပါ။

အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုမရှိထားဘဲ COVID- 19 ရောဂါလက္ခာဆင်တူလူနာတွေကိုတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့စောင့်ကြည့်လျှက်ရှိရာ လက်ရှိအချိန်အထိလူနာဦးရေ (၂၈၈)ဦးရှိတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ စာရင်းတွေအရသိရပါတယ်။

စောင့်ကြည့်လူနာ (၂၈၈)ဦးက ဇွန်လ(၅)ရက်နေ့ညနေပိုင်းအထိစာရင်းဖြစ်ပြီးဒီလူနာတွေက အပြင်ဆေးရုံ၊ ဆေးခန်းတွေနဲ့ ဆေးရုံကြီးတွေကို လာပြသူတွေအထဲက အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာနဲ့ ဆင်တူလို့ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ခံရတာလည်းဖြစ်ပါတယ်။



“ အခုစောင့်ကြည့်လူနာတွေဆိုတာက အတည်ပြုလူနာတွေနဲ့ ထိတွေ့မှုစာရင်းထဲမှာလည်းမပါဘူး။ ခရီးသွားရာဇဝင်ကလည်း ပိုးတွေ့မှ တစ်ယောက်ချင်းဆီကိုပြန်မေးရတာပါ။ အခုလူနာတွေကရိုးရိုးတန်းတန်းအဆုတ်ထဲပိုးဝင်တာတွေလည်းဖြစ်နိုင်တယ်၊ နဂိုရောဂါအခံကြောင့် အဆုတ်ရောဂါရှိတဲ့အပေါ်မှာ ထပ်ပြီးပြင်းထန်တာမျိုးလည်းရှိနိုင်တယ်။ဘယ်လိုပဲဖြစ်ဖြစ်လတ်တလောမှာခံစားရတဲ့ အသက်ရှုလမ်းကြောင်းရောဂါအနေနဲ့ ဆေးရုံတွေကိုရောက်လာရင်စောင်ကြည့်လူနာအဖြစ်သတ်မှတ်တာပါ။ ဒီလူနာတွေကလည်း ဓာတ်ခွဲစစ်ဆေးရမယ့် စာရင်းထဲမှာ ပါပါတယ်” လို့ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက Duwun ကိုပြောပါတယ်။ 

တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ စောင့်ကြည့်လူနာ (၂၈၈)ဦးထဲမှာ ရန်ကုန်တိုင်းက (၁၇၂)အထိအများဆုံးပါဝင်နေပြီး ပဲခူးနဲ့နေပြည်တော်မှာဆိုရင် တစ်ဦးမှမတွေ့ရှိထားပါဘူး။

ဇွန်လ(၅)ရက်နေ့ထိ စာရင်းအရ တစ်နိုင်ငံလုံးမှာ ဆေးရုံတက်ရောက်ကုသမှုခံယူနေတဲ့ သူက (၉၁)ဦး၊ စောင့်ကြည့်လူနာ (၂၈၈)ဦးနဲ့ ဆေးရုံမှာ အသွားအလာကန့်သတ်ထားသူက (၁၂၂)ဦးရှိတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဲရဲ့ အချက်အလက်တွေအရသိရပါတယ်။









ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က