နှစ်စဉ်သွားရောက်နေတာပါ။

မြတ်စွာဘုရားပွင့်တော်မူတဲ့ ဗုဒ္ဓဂါယာကို မြန်မာလူမျိုးတွေအနေနဲ့နှစ်စဉ်သွားရောက်သူများပြားလျှက်ရှိနေပေမယ့် သူတို့ဆီကလူမျိုးတွေအနေနဲ့ကတော့ မြန်မာနိုင်ငံကိုလာရောက်မှုနည်းပါးနေတယ်လို့သိရပါတယ်။

အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာကို မြန်မာလူမျိုးတွေအနေနဲ့ တစ်နှစ်ကို လူဦးရေ (၅) သောင်းဝန်းကျင်လောက်သွားရောက်လျှက်ရှိတယ်လို့ သိရပါတယ်။ ဗုဒ္ဓဂါယာကိုသွားရောက်တဲ့အခါမှာတော့ မြတ်စွာဘုရားပွင့်တော်မူတဲ့နေရာအဖြစ် လုမ္ဗိနီကိုမြန်မာလူမျိုးတွေအနေနဲ့ အရင်ကတည်းက ယနေ့ထက်ထိ အမြဲသွားလာနေဆဲဖြစ်တယ်လို့ဆိုပါတယ်။ အခုလိုနှစ်နိုင်ငံရဲ့ ကမ္ဘာ့အမွေအနှစ်နေရာတွေကို နှစ်နိုင်ငံပြည်သူလူထုအနေနဲ့ ခရီးသွားကဏ္ဍတိုးတက်အောင်တာဝန်ရှိသူတွေအနေနဲ့ကလည်းဆောင်ရွက်လျှက်ရှိနေပါတယ်။

photo-Pan Twan Travels & Tours

“ ကျွန်တော်တို့မြန်မာလူမျိုးတွေအနေနဲ့က မြတ်စွာဘုရားပွင့်တော်မူတဲ့ ဗုဒ္ဓဂါယာကို အမြဲသွားရောက်ဖူးမြှော်လေ့လာလေ့ရှိတယ်။ တစ်နှစ်ကို လူဦးရေ (၃)သောင်းခွဲနဲ့ (၅)သောင်းကြားကတော့နှစ်စဉ်သွားနေကြပေါ့။ ဒါပေမယ့် နီပေါကလူတွေအနေနဲ့ကတော့ မြန်မာနိုင်ငံကိုလာရောက်လည်ပတ်မှုကနည်းပါးနေသေးတယ်။ အခုဆိုနီပေါသမ္မနဲ့ကိုယ်စားလှယ်အဖွဲ့မြန်မာနိုင်ငံကိုရောက်နေတုန်း သူတို့နိုင်ငံရဲ့ ကမ္ဘာ့အမွေအနှစ်နေရာ လုမ္ဗိနီနဲ့ ကျွန်တော်တို့ဆီက ယူနက်စကိုဝင်ထားတဲ့ပုဂံကို နှစ်နိုင်ငံခရီးသွားကဏ္ဍတွေတိုးတက်လာအောင် ဆောင်ရွက်သွားမှာပါ” လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးနောင်းနောင်းဟန်က မီဒီယာတွေကိုပြောပါတယ်။

အောက်တိုဘာလ(၁၇)ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တဲ့ နီပေါသမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံကာ နှစ်နိုင်ငံပြည်သူတွေအကြား ချစ်ကြည်ရင်းနှီးမှုတိုးမြင့်ရေးအပါအဝင် နှစ်နိုင်ငံကြားယဉ်ကျေးမှုနဲ့ ခရီးသွားကဏ္ဍပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာမှာလည်း လက်မှတ်ရေးထိုးခဲ့ပါတယ်။ 



က္က