ကုန်းမြင့်ဒေသအနီးနဲ့ မြစ်ချောင်းငယ်များအနီးတွင်နေထိုင်သူများအား သတိပြုနေထိုင်ဖို့ မိုးဇလက အကြံပြုထားပါတယ်။
Ei Ei Mar

တိုင်းဒေသကြီး ၄ ခုနဲ့ ပြည်နယ် ၃ ခုတွင် မိုးသည်းထန်စွာရွာသွန်းပြီး လျှပ်တပြက် ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသအနီးနေထိုင်သူများနဲ့ မြစ်ချောင်းများအနီးနေထိုင်သူများ သတိပြုနေထိုင်ကြဖို့ မိုးလေဝနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အကြံပြုထားပါတယ်။

ယနေ့ (သြဂုတ်လ ၅ ရက်) ညနေ ၆ နာရီခွဲ တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက နောက် ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာမယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

အဲဒီလေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နဲ့ နေရာကွက်ပြီး မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။

လေပြင်းနဲ့ မိုးသည်းထန်တဲ့အတွက်ကြောင်း ရုတ်တရက် ရေကြီးခြင်းနဲ့ မြေပျိုခြင်းတို့ ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်သူများအနေဖြင့် မြေပြိုမှု အန္တရာယ်၊ မြစ်ချောင်းငယ်များအနီးတွင် နေထိုင်သူများအနေဖြင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးဇလက အကြံပြုထားပါတယ်။


က္က