အတည်ပြုလိုက်ပါပြီ။
နာမည်ကြီးကားကုမ္ပဏီဖြစ်တဲ့ တိုယိုတာကုမ္ပဏီက မြန်မာနိုင်ငံမှာ သူတို့ရဲ့စက်ရုံကိုလာရောက်တည်ဆောက်မယ်လို့ အတည်ပြုပြောကြားလိုက်ပြီဖြစ်ပါတယ်။

Photo - Guardian.ng



တိုယိုတာအနေနဲ့ သူတို့စက်ရုံကို သီလဝါဆိပ်ကမ်းမှာတည်ဆောက်မှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၅၂.၆ သန်းရင်းနှီးမြုပ်နှံမယ်လို့ သိရပါတယ်။ စက်ရုံကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ Hilux ကားတွေ စတင်ထုတ်လုပ်နိုင်အောင်လုပ်ဆောင်မယ်လို့ CNA သတင်းမှာ ဖော်ပြထားပါတယ်။

စက်ရုံအနေနဲ့ တစ်နှစ်ကို Hilux တွေ ၂၅၀၀ စီးလောက်ထုတ်လုပ်ဖို့ရည်ရွယ်ထားတယ်လို့သိရပါတယ်။ မြန်မာနိုင်ငံဟာ တိုယိုတာရဲ့ ၂၈ နိုင်ငံမြောက်စက်ရုံတည်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာမှာပါ။မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ တဟုတ်ထိုးတိုးတက်လာမယ့် အလားအလာတွကြောင့်တည်ဆောက်ရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

တိုယိုတာကားကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ်အတွင်းက မော်တော်ကာသစ် အစင်းရေ (၁၇၅၀၀)သာရောင်းချခဲ့ရပြီး ဒါဟာ ၂၀၁၇ ခုနှစ်ထက် ၂ ဆလောက်တိုးတက်လာတာဖြစ်တယ်လို့ဆိုပါတယ်။

လက်ရှိမှာ ဂျပန်ကားကုမ္ပဏီဖြစ်တဲ့ဆူဇူကီးကလည်း စက်ရုံလာရောက်တည်ဆောက်ထုတ်လုပ်နေပြီး အခြားကုမ္ပဏီတွေဖြစ်တဲ့ နစ်ဆန်း၊ဟွန်ဒိုင်း၊ ဖို့ဒ်တို့ကလည်း ရင်းနှီးမြုပ်နှံမှုအချို့ပြုလုပ်ထားတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က