ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှီကျင့်ဖျင်တို့ တွေ့ဆုံခဲ့ကြပါတယ်။
တရုတ်အစိုးရက မြန်မာအစိုးရကို ယွမ် သန်း (၁ဝဝဝ) အကူအညီအထောက်အပံံ့ပေးမယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တေ့ွဆုံစဉ် ပြောကြားလိုက်ပါတယ်။

Photo - myanmar state counsellor office



နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်တို့ဟာ ပြည်သူ့ခန်းမဆောင်ကြီး ( Great Hall of the People ) မှာ ဧပြီလ ၂၄ ရက်နေ့ ညနေပိုင်းကတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

နှစ်နိုင်ငံဆွေးနွေးပွဲမှာ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်ရေး မူဘောင် အောက်က မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနဲ့ မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

Photo - myanmar state counsellor office

ဒါ့အပြင် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ် တရုတ်အစိုးရအနေနဲ့ ဆက်လက်အကူ အညီပေးရေး၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကိုလည်း ဆွေးနွေးခဲ့တယ်လို့ Myanmar State Counsellor Office ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်(၇ဝ) ပြည့်မြောက်မယ့် ၂ဝ၂ဝ ပြည့်နှစ်မှာ နှစ်နိုင်ငံအကြား ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ သတင်းပြန်ကြားရေးလုပ်ငန်း၊ ယဉ်ကျေးမှု၊ လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ကဏ္ဍ ပေါင်းစုံတွင်ပူးပေါင်းဖို့ သဘောတူခဲ့ကြတယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က