တရုတ်-မြန်မာနယ်စပ်မူဆယ်ဂိတ်ကပြန်ဝင်လာသူ ၃၀၀၀၀ ကျော်နေပါပြီ။
Kyaw Ko Ko Sint

မြန်မာနိုင်ငံမှာတော့ ပြည်ပကပြန်ဝင်လာသူတွေထဲမှာ ပိုးတွေ့လူနာအများဆုံးက မလေးရှားကပြန်လာသူတွေ ဖြစ်နေပြီး တရုတ်ကပြန်လာသူထဲမှာ တစ်ဦးမှ ပိုးတွေ့လူနာမရှိသေးဘူးလို့သိရပါတယ်။ 

တရုတ်နိုင်ငံကိုရောက်နေတဲ့မြန်မာလူမျိုးတွေကို မြန်မာနိုင်ငံပြန်မပို့ခင် တရုတ်မှာတင် သုံးလလောက် ကျန်းမာ ရေးစောင့်ကြည့်စစ်ဆေးမှုတွေ ပြုလုပ်စေပြီးမှ ပြန်ခွင့်ပြုနေတာဖြစ်တယ်လို့ သိရပါတယ်။

တရုတ်-မြန်မာနယ်စပ်ဂိတ်မှာ ပူးပေါင်းပါဝင်နေတဲ့ ဂရုဏာလူမှုကူညီရေးအသင်း ဥက္ကဌ ဦးသောင်းထွန်းရဲ့ ပြောပြချက်အရ တရုတ်ဘက်ကနေ မြန်မာနိုင်ငံကို ပြန်လာသူတွေထဲမှာ တစ်ဦးမှ ရောဂါပိုးအတည်ပြုလူနာ မတွေ့ရသေးဘူးလို့သိရပါတယ်။

“နေ့စဉ်တော့ ၃၀၀နဲ့၅၀၀ကြားဝင်နေပေမယ့် စောင့်ကြည့်သံသယလူနာတော့ မတွေ့ရသေးပါဘူး။တရုတ်ဘက် ကနေ သုံးလလောက်ကျန်းမာရေးစောင့်ကြည့်စစ်ဆေးပြီးမှ ပြန်လာကြသူတွေဆိုတော့ ကျွန်တော်တို့ဘက်မှာ နောက် ထပ်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ပေးအပြီး အားလုံးကို ပြန်ခွင့်ပြုခဲ့ပါတယ်။လက်ရှိအချိန်ထိတော့ တရုတ်က ပြန် လာသူတွေထဲမှာ ပိုးတွေ့လူနာမရှိသေးပါဘူး။”လို့ ဦးသောင်းထွန်းက Duwunကိုပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံကို ပြည်ပနိုင်ငံတွေက ပြန်လာသူတွေထဲမှာ ပိုးတွေ့လူနာအများဆုံးကတော့ မလေးရှားနိုင်ငံကပြန်လာသူတွေ ဖြစ်ပြီး စုစုပေါင်း ၉ဦးထိရှိလာခဲ့ပါပြီ။

COVID-19ရောဂါပိုးစတင်ကူးစက်ပျံ့နှံ့လာခဲ့တဲ့ ဝူဟန်က မြန်မာ ကျောင်းသားတွေကိုတော့ အစိုးရဘက်က လေယာဉ်နဲ့ပြန်လည်ခေါ်ဆောင်မှုတွေ ပြုလုပ်ပေးခဲ့ပြီး မြန်မာအလုပ်သမားတွေကိုတော့ တရုတ်-မြန်မာနယ်စပ်ကနေ ပြန်လည်လက်ခံပေးခဲ့ရာမှာ လက်ရှိအချိန်အထိ ၃၀၀ကျော်ပြန်လည်ရောက်ရှိခဲ့ပြီး ဖြစ်တယ်လို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က