ပြောင်းဖူးထော်လာဂျီတစ်စီးတိုက်ကို မြန်မာငွေကျပ် ၇သိန်းတန်ဖိုးရှိတယ်လို့သိရပါတယ်။
Kyaw Ko Ko Sint

နယ်စပ်ဂိတ်မှာ တစ်စီးကို ၇ သိန်း တန်တဲ့ ပြောင်းဖူးထော်လာဂျီအစီး ၄၀၀ လောက် အလဟဿ ဖြစ်ကုန်တာကြောင့် မြန်မာငွေသိန်း ၂၈၀၀ လောက် ဆုံးရှုံးနစ်နာခဲ့ရပါတယ်။

ဓာတ်ပုံ - @Thaung Tun Facebook Page

COVID-19ကာလမှာ တရုတ်ဘက်က မြန်မာနိုင်ငံမှ ပြောင်းဖူးအဝယ်ပိတ်လိုက်တာကြောင့် ရောင်းမရတော့တဲ့ ပြောင်းဖူးတွေကို ကုန်သည်တွေက အလကားပြန်ဝေပေးနေတယ်လို့သိရပါတယ်။

အစက အဝယ်ပိတ်လိုက်ချိန်မှာ ကုန်သည်အချို့က ပြောင်းဖူးတွေကို ရွှေလီမြစ်ထဲ သွန်ပစ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ COVID-19 ကာလမှာ စားရေးအခက်ကြုံနေတဲ့သူတွေအတွက် အလကားဝေပေးနေတယ်လို့ မူဆယ်မှာရှိတဲ့ ကရုဏာ လူမှုကူညီရေးအသင်းဥက္ကဌ ဦးသောင်းထွန်းက Duwunကိုပြောပါတယ်။

“ကျွန်တော်တို့ကိုယ်တိုင်က ပြောင်းမစိုက်ပေမယ့် ပြောင်းစိုက်သူတွေကလှူချင်တဲ့အတွက် ပရဟိတအဖွဲ့အနေနဲ့ မြို့ထဲကသူတွေကို ပြန်လှူလို့ရအောင် ကားတွေနဲ့သယ်ယူပေးပြီး ပြန်လည်ဖြန့်ဝေပေးနေပါတယ်။သိရသလောက် တရုတ်ဘက်က မဝယ်တော့တဲ့အတွက် နယ်စပ်ဂိတ်မှာ ပြောင်းဖူးကား ထော်လာဂျီ အစီး ၄၀၀လောက် အလဟဿဖြစ်ကုန်ပါတယ်။တစ်စီးကို ၇သိန်းတန်တာကြောင့် မြန်မာငွေ သိန်းပေါင်း ၂၈၀၀ လောက် ဆုံးရှုံးနစ်နာ သွားတဲ့ သဘောပါ။”လို့ ဦးသောင်းထွန်းကပြောပါတယ်။

ဓာတ်ပုံ - @Thaung Tun Facebook Page

အခုကာလမှာ ‌ပြောင်းဖူးနဲ့ကြံလောက်သာ စိုက်နေတဲ့ကာလဖြစ်လို့ အခြားသော သီးနှံတွေတော့ အရောင်းအ ဝယ်မလုပ်ရသေးဘူးလို့လည်းသိရပါတယ်။ လက်ရှိမှာလည်း တရုတ်-မြန်မာနယ်စပ်ကနေ မြန်မာရွှေ့ပြောင်းလုပ်သားတွေပြန်ဝင်လာတာ ၃သောင်းကျော်နေပြီလို့လည်းသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က