ဟူပေပြည်နယ်အကျဉ်းထောင်မှာ ထောင်ဒဏ်ကျခံနေရတာပါ။

COVID-19 ရောဂါကူးဆက်ခံနေရတဲ့ မြန်မာနိုင်ငံသားအကျဉ်းသားနှစ်ဦးရဲ့ ကျန်းမာရေးအခြေအနေကကောင်းမွန်ပေမယ့် လက်ရှိမှာဆေးရုံကဆင်းခွင့်မရသေးဘူးလို့သိရပါတယ်။ 

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၊ ဟူပေပြည်နယ်အကျဉ်းထောင်မှာ ထောင်ဒဏ်ကျခံနေရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးမှာ COVID-19ရောဂါကူးစက်ခံစားနေရကြောင်းကို ပေကျင်းမြို့ မြန်မာသံရုံးက ဒီကနေ့ မတ်လ (၅)ရက်နေ့ကထုတ်ပြန်ကြေညာခဲ့ပါတယ်။ 



အဆိုပါ မြန်မာအမျိုးသားနှစ်ဦးဟာ ဟူပေပြည်နယ်အကျဉ်းထောင်မှာ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှု၊ သယ်ယူပို့ဆောင်ရေးပြစ်မှုတွေနဲ့ ထောင်ဒဏ်ကျခံနေရတာလည်းဖြစ်ပါတယ်။ 

လက်ရှိမှာတော့ သူတို့နှစ်ဦးကို ဆေးရုံကိုပို့ဆောင်ထားပြီး ပုံမှန်ဆေးဝါးကုသမှုတွေကိုဆောင်ရွက်ပေးလျှက်ရှိကာ ကျန်းမာရေးအခြေအနေက တည်ငြိမ်ကောင်းမွန်ပေမယ့် ဆေးရုံကဆင်းခွင့်မရသေးဘူးလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ 

ဟူပေပြည်နယ်ဟာ တရုတ်နိုင်ငံမှာ COVID-19ရောဂါ စတင်တွေ့ရှိခဲ့ပြန့်ပွားခဲ့တဲ့ ဝူဟန်မြို့တည်ရှိရာပြည်နယ်တစ်ခုဖြစ်ပါတယ်။

အခုလိုတရုတ်နိုင်ငံ ၊ ဟူပေပြည်နယ်အကျဉ်းထောင်က မြန်မာနိုင်ငံသားနှစ်ဦး ရောဂါကူးစက်ခံရတာနဲ့ပတ်သက်ပြီး လက်ရှိတရုတ်နိုင်ငံ အကျဉ်းထောင်အသီးသီးမှာ တရားမဝင်မှောင်ခိုပစ္စည်းများရောင်းဝယ်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ မြန်မာသင်္ဘောသား(၆၇)ဦးကိုလည်း ကျန်းမာရေး၊ စားသောက်နေထိုင်ရေးတွေအဆင်ပြေမှုရှိ၊ မရှိကို မြန်မာသံရုံးကစဉ်ဆက်မပြတ်ဆက်သွယ်မေးမြန်းလျှက်ရှိတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ အဆိုပါ မြန်မာသင်္ဘောသား(၆၇)ဦးမှာ ကျန်းမာရေးကောင်းမွန်တယ်လို့သိရပါတယ်။ 

Share

Loading Next Article...
က္က