စိတ်ဖောက်ပြန်နေတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။
စိတ်ဖောက်ပြန်ပြီး အခုလိုရမ်းကားတာဖြစ်တာကြောင့် အဆိုပါ တရုတ်အမျိုးသားကို ရွာသာကြီး( စိတ်ကျန်းမာရေး) ဆေးရုံကို ပို့ဖို့စီစဉ်နေတယ်လို့ လသာမြို့နယ်ရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်ကျော်မိုးကပြောပါတယ်။

photo- ဝူခုန်း



ဒီနေ့ ဇူလိုင်လ(၂၆)ရက်နေ့ မွန်းလွဲ (၃)နာရီခန့်မှာ လူတစ်ဦးက ရန်ကုန်မြို့လသာမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ ရွှေဆိုင်တစ်ဆိုင်တွင်းရှိ မှန်များကိုရိုက်ခွဲကာ ပတ်ဝန်းကျင်မှ လူတွေကိုလည်း ပြဿနာရှာပြီး သောင်းကျန်းခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို ရမ်းကားတဲ့သူက တရုတ်နိုင်ငံသား ဖြစ်ပြီးတော့ သူနဲ့အတူ လိုက်ပါလာတဲ့ သူငယ်ချင်းဖြစ်သူက WeChat ကနေ ရဲစခန်းကိုအကြောင်းကြားခဲ့တယ်လို့ လသာရဲစခန်းက ပြောပါတယ်။

“ ဖြစ်စဉ်က ကျွန်တော်တို့ ဘာမှ အတိအကျပြောလို့ မရသေးဘူး။ ခုရမ်းကားတဲ့သူက တရုတ်လူမျိုး စိတ်မနှံ့ဘူး၊ သူ့ကိုလည်း အခု ဘာမှမေးလို့မရသေးဘူး။ ကျွန်တော်တို့ကိုအကြောင်းကြားတဲ့ သူ့သူငယ်ချင်းကိုမေးတော့ အဲ့ဒီရမ်းကားတဲ့သူက အစားမှားရင် အခုလို ဆေးကြောင်သလိုဖြစ်ပြီး စိတ်ဖောက်ပြန်တယ်လို့ပြောတယ်။ ခုလည်း အဲ့လိုစိတ်ဖောက်ပြန်တဲ့သဘောပဲ။ အခုချိန်ထိ သူကကြောင်တောင်တောင်နဲ့ ဘာမှမေးလို့မရဘူး “ လိုု့ လသာမြို့နယ်ရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ်ကျော်မိုးက Duwun ကိုပြောပါတယ်။

photo- ဝူခုန်း

စိတ်ဖောက်ပြန်ပြီး ပြုလုပ်တာဖြစ်တဲ့အတွက် အဆိုပါ တရုတ်နိုင်ငံသားကို ရွှေဆိုင်ပိုင်ရှင်ဘက်က အမှုဖွင့်အရေးယူတာမျိုးမရှိဘူးလို့ သိရပါတယ်။ လက်ရှိမှာတော့ အဲဒီ အသက်(၄၀)အရွယ်တရုတ်အမျိုးသားကို စိတ်ကျန်းမာရေးဆေးရုံကို ပို့ဖို့စီစဉ်ထားပြီး တရုတ်နိုင်ငံသားဖြစ်တဲ့အတွက် တရုတ်သံရုံးကိုလည်း အကြောင်းကြားထားတယ်လို့ ဒုရဲအုပ်ကျော်မိုးကပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က