loading...

loading...

loading...

တရားမဝင်သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတွေလည်းဖြစ်ပါတယ်။
Ei Ei Htun

တရုတ်နိုင်ငံက ပြည်နယ်အများအပြားမှာ တရားမဝင်သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတွေထဲကမှ မြန်မာနိုင်ငံကိုပြန်လိုကြောင်း ဆက်သွယ်လာတဲ့ မြန်မာနိုင်ငံသား(၂၉၈)ဦးကို ၂သုတ်ခွဲပြီး မြန်မာနိုင်ငံကိုပြန်ပို့ပေးသွားမယ်လို့ ပေကျင်းမြို့ မြန်မာသံရုံးကထုန်ပြန်ခဲ့ပါတယ်။ 

Covid-19 ရောဂါဖြစ်ပွားပျံ့နှံ့လျှက်ရှိတဲ့ တရုတ်နိုင်ငံမှာသွားရောက်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေထဲကမှ မြန်မာနိုင်ငံကိုပြန်လိုကြောင်း ဆက်သွယ်လာတဲ့ မြန်မာနိုင်ငံသား(၂၉၈)ဦးကို မြန်မာနိုင်ငံကိုပြန်လည်ပို့ဆောင်ပေးသွားမယ်လို့ ပေကျင်းမြို့ မြန်မာနိုင်ငံဆိုင်ရာသံရုံးက မတ်လ(၁၆)ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ တရားမဝင်ရောက်ရှိအလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေအနက်နေရပ်ကို ပြန်ချင်တဲ့ (၂၉၈)ဦးကိုတော့ ပေကျင်းမြို့ မြန်မာနိုင်ငံသံရုံးက သက်ဆိုင်ရာဒေသအာဏာပိုင်အဖွဲ့များ၊ တရုတ်ရဲတပ်ဖွဲ့တို့နှင့် ညှိနှိုင်းဆောင်ရွက်ပြီး အဆိုပါမြန်မာနိုင်ငံသားများကို (၁၄၉)ဦးစီ (၂)သုတ်ခွဲကာ ဒီကနေ့ ညနေပိုင်းကပဲ တရုတ်နိုင်ငံ ဝမ်သမ်းမြို့က ထွက်ခွာသွားပြီဖြစ်တယ်လို့ သိရပါတယ်။

ပထမအသုတ်မှာလိုက်ပါတဲ့ (၁၄၉)ဦးဟာ ဘတ်စ်ကား(၄)စီးနဲ့ မတ်လ(၁၉)ရက်နေ့ညနေပိုင်းမှာ မြန်မာ-တရုတ်နယ်စပ် ချင်းရွှေဟော်ဂိတ်ကို ရောက်ရှိမှာဖြစ်ပြီး ဒုတိယအသုတ်လိုက်ပါလာတဲ့ ဘတ်စ်ကား(၄)စီးကတော့ မတ်လ(၂၀)ရက်နေ့မှာ ချင်းရွှေဟော်ဂိတ်ကိုရောက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါ မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံကို ပြန်ရန်စောင့်ဆိုင်းနေတဲ့ အချိန်အခိုက်အတန့်အတွင်းမှာ မြန်မာနိုင်ငံသားများအနေနဲ့ မလိုလားအပ်တဲ့ ကိစ္စမျိုးပေါ်ပေါက်ခြင်းမရှိစေရန် မြန်မာနိုင်ငံသားအချင်းချင်းဝိုင်းဝန်း ကူညီဆောင်ရွက်ကြရန်ကိုလည်း ပေကျင်းမြို့ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 



ဆက်စပ်အကြောင်းအရာများ


loading...

က္က