Hmue Eain Zaw

တရုတ်နိုင်ငံက ကြံခင်းထဲမှာ မှိုစားသုံးပြီး အဆိပ်သင့်တာကြောင့် မြန်မာနိုင်ငံသား ၄ ဦး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကနေသိရပါတယ်။

Photo - Thaung Tun Fb

ဇွန်လ ၂၆ ရက်နေ့ က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ဝမ်ရှုချင်နှင့်မိုးညိုမြို့ကြားရှိ ကြံစိုက်ခင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၇ ယောက်ဟာ ကြံခင်းထဲက မှိုကိုဟင်းချက်ပြီး စားသောက်ခဲ့တာကြောင့် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တာပါ။

အဲ့တာကြောင့် အဆိပ်သင့်သူ ၇ ယောက်ကို ကျန်းဖုန်းဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရာမှာ မသက်သာတာကြောင့် လုံချွမ်ခရိုင်၊ ပြည်ပရေးရာဌာနက တာဝန်ရှိသူတွေက မူဆယ်ပြည်သူဆေးရုံသို့ လာရောက်ပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။

လူနာ ရှင်တွေရဲ့ဆန္ဒအရ မူဆယ်ပြည်သူဆေးရုံကနေ မန္တလေးပြည်သူဆေးရုံကြီးသို့ ပြောင်းရွေ့ဆေးကုသရန် ခေါ်ဆောင်လာစဉ်မှာပဲ အမျိုးသားတစ်ဦး လမ်းမှာ သေဆုံးမှုဖြစ်ခဲ့ပါတယ်။

Photo - Thaung Tun Fb

အဲ့ဒီနောက်ကျန်တဲ့ ၆ ယောက်ကို မန္တလေးပြည်သူဆေးရုံကြီး အရေးပေါ်လူနာဌာနကို ရောက်ရှိကုသခဲ့ပေမယ့် အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီးတစ်ယောက်ထပ်မံသေဆုံးခဲ့ပါတယ်။ လက်ရှိအချိန်မှာ အမျိုးသား၂ ယောက်နဲ့ အမျိုးသမီးတစ်ယောက်တို့ကို ဆက်လက်ဆေးကုသပေးနေပြီး စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ မှိုအဆိပ်သင့်သူတွေဟာ မကွေးတိုင်း စေတုတ္တရာမြို့နယ်ဖက်က နေတရုတ်ပြည်ထဲကို လာရောက်အလုပ်လုပ်ကိုင်သူတွေဖြစ်ကြတယ်လို့ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က