ဒီကျောင်းသားတွေက ယန်ကျင်းအေခြေခံပညာကျောင်းမှာ နေ့စဉ်ကျောင်းတက်နေရတာပါ။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် နယ်စပ်ကိုဖြတ်ပြီး မြန်မာကျောင်းသားပေါင်း တစ်ဒါဇင်ကျော်က နေ့စဉ်ကျောင်းတက်နေပါတယ်။

ဓါတ်ပုံ- တရုတ်၊မြန်မာကျောင်းသားများ ကျောင်းတက်နေကြတဲ့ ယန်ဂျင်းကျောင်း (ဓါတ်ပုံ-စင်ဟွာ)



နယ်စပ်ဖြတ်ကျော်ပြီး နေ့စဉ်ကျောင်းတက်ဖို့ ဆိုတာမလွယ်ပေမယ့် ဒီကျောင်းသားတွေက ယန်ကျင်းအေခြေခံပညာကျောင်းမှာ နေ့စဉ်ကျောင်းတက်နေရတာပါ။ အဲ့ဒီကျောင်းမှာ တရုတ်ကျောင်းသား ၉၉ယောက်နဲ့ မြန်မာဘက်ကကျောင်းသား ၃၆ ယောက်ကျောင်းတက်နေပါတယ်။

“ကျွန်တော်နေ့တိုင်း ကျောင်းသွားတက်ရတယ်။ ကျောင်းမှာ သူငယ်ချင်းတွေအများကြီးလည်းရှိတယ် ။ပျော်ဖို့ကောင်းတယ် ” လို့ ဆယ်နှစ်အရွယ် မြန်မာကျောင်းသား ဝမ်လီယန်းက ပြောပါတယ်။

မြန်မာကျောင်းသားတွေထဲမှာတော့ အသက်ငါးနှစ်အရွယ်က အငယ်ဆုံးကျောင်းသားဖြစ်တယ်လို့ တော့ အဲ့ဒီကျောင်းက ကျောင်းအုပ်ကပြောပါတယ်။ ကျောင်းသားအများစုကဒိုင်လူမျိုးတွေဖြစ်ပြီးတော့ အမျိုးတွေလည်းဖြစ်တယ်။နယ်စပ်စည်းခြားရုံနဲ့ တော့ သူုတို့ သံယောဇဉ်တွေမေတ္တာတွေကမပြောင်းလဲနိုင်ပါဘူး လို့ ဆက်ပြောပါတယ်။

သူတို့အားလုံးက တရုတ်စကားကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ကြပြီးတော့ တရုတ်၊မြန်မာက လာတယ်လို့ ဘယ်သူမှမပြောဘဲ ခွဲခြားဆက်ဆံတာမျိုးလည်း မရှိပါဘူး။ မြန်မာဘက်ကကျောင်းတက်မယ့်ကျောင်းသားတွေအတွက်တော့ မွေးစာရင်နဲ့ ၊ နိုင်ငံသားဖြစ်ကြောင်း လက်မှတ်တစ်ခုခုပြနိုင်တယ်ဆိုရင် ကျောင်းအပ်လက်ခံပြီးတော့ တစ်နေ့ကို တရုတ်ပြည်ထဲကို လေးကြိမ်အထိ အဝင်အထွက်ပြုလုပ်လို့ရပါတယ်။

မြန်မာမိဘတော်တော်များများက အဲ့ဒီကျောင်းကိုပို့ချင်နေပြီးတော့ တရုတ်စကားက အလုပ်ရှာတဲ့အခါ၊စီးပွားရေးလုပ်တဲ့အခါ လိုအပ်တယ်လို့ သူတို့ကပြောပါတယ်။ ကျောင်းတက်ချိန်မှာလည်း သူတို့အချင်းချင်း ချစ်ကြည်နူးစွာနဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြားနှလုံးသားချင်းနီးစပ်စွာရှိနေကြတယ်လို့ တရုတ်က China Daily သတင်းစာက ရေးသားထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က