ထိုင်းကနေပြန်လာတဲ့ ပြည်တော်ပြန် အမျိုးသမီးတစ်ဦးပါ။

ပြည်ပကပြန်လာတဲ့သူတွေကိုထားရှိတဲ့ သထုံမြို့ စက်မှုကျောင်း Quarantine စင်တာမှာ Quarantineဝင်ရောက်နေတဲ့ ပြည်တော်ပြန်အမျိုးသမီးထွက်ပြေးသွားခဲ့ရာ ယနေ့ထိ ပြန်မတွေ့သေးပါဘူး။

အမျိုးသမီးက မြဝတီနယ်စပ်ဂိတ်ကနေတစ်ဆင့် ထိုင်းကနေပြန်လာတဲ့သူဖြစ်ပြီး  Quarantine စင်တာကို ဇူလိုင်လ(၈)ရက်နေ့က ရောက်လာခဲ့သူလို့သိရပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညပိုင်းက ထွက်ပြေးသွားခဲ့တာဖြစ်ပြီး ယနေ့ထိရှာမတွေ့သေးသလို ရှာတွေ့ခဲ့ပါကလည်း COVID ထိန်းချုပ်ရေး ဥပဒေနဲ့ အညီ အရေးယူမှုတွေလုပ်သွားဖို့ တိုင်းအစိုးရကို တင်ပြထားပြီးဖြစ်တယ်လို့ သထုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေးက Duwun ကိုပြောပါတယ်။ 



“ထွက်ပြေးသွားတဲ့အမျိုးသမီးက အသက် (၃၈)နှစ်အရွယ် အမျိုးသမီး၊ ကျွန်တော်တို့ အခုသိသလောက်တော့ Quarantine စင်တာနားမှာ အလုပ်လုပ်နေတဲ့ ပန်းရံတစ်ဦးနဲ့လိုက်သွားတယ်လို့လည်းကြားတာပဲ။ ရဲတပ်ဖွဲ့ကတော့ ခုထိရှာဖွေနေဆဲမတွေ့သေးဘူး။ ပြန်တွေ့ရင်လည်း ဥပဒေနဲ့မညီ အရေးယူမှုတွေလုပ်သွားဖို့ အားလုံးတင်ပြထားတယ်။ ညွှန်ကြားချက်တွေအတိုင်းပဲ လုပ်ဆောင်သွားမယ်” လို့ ဦးစောညီညီထွေးကပြောပါတယ်။ 

Quarantine စင်တာက ထွက်ပြေးသွားတဲ့ အမျိုးသမီးနဲ့အတူ ဇူလိုင်လ(၈)ရက်နေ့က ထိုင်းကပြန်လာတဲ့သူ အယောက် (၁၀၀)ကျော် Quarantine စင်တာကို ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

ထွက်ပြေးသွားတဲ့ အမျိုးသမီးက မွန်ပြည်နယ် ဘီးလင်းမြို့နယ်က ဖြစ်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေအချင်းချင်းချိတ်ဆက်ကာ ရှာဖွေနေဆဲဖြစ်ပါတယ်။ သထုံက Quarantine စင်တာမှာက ထိုင်းကပြန်လာတဲ့သူအများဆုံးဖြစ်ပြီး လက်ရှိမှာ Quarantine ဝင်ရောက်နေသူ အယောက် (၃၀၀)ကျော်ရှိတယ်လို့ ဦးစောညီညီထွေးကပြောပါတယ်။ သထုံမှာ Quarantine ဝင်ရောက်ခဲ့သူတွေထဲက ပိုးတွေ့လူနာ တစ်ဦးမှမရှိခဲ့ဘဲ လက်ရှိ Quarantine ဝင်နေတဲ့ အယောက်(၃၀၀)ကျော်ကိုတော့ဓာတ်ခွဲစစ်ဆေးထားဆဲဖြစ်တယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က