ကောလာဟာလ သတင်းတွေနဲ့ပတ်သက်ပြီးအခုလိုပြောခဲ့တာပါ။
Ei Ei Htun

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန pageကနေ မိုးလေဝသသတင်းတွေကိုနေ့စဉ်ထုတ်ပြန်ပေးလျှက်ရှိပြီး ထူးခြားသတင်းတွေကိုတော့ အနည်းဆုံး(၃)ရက်မှ အများဆုံး(၅)ရက်လောက်ကြိုပြီး ထုတ်ပြန်ပေးနေပါတယ်။ 

မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ ရာသီဥတုအခြေအနေများနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ အခြေအနေတွေရှိပါက Official Page ဖြစ်တဲ့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန page ကနေ သတင်းတွေကို အနည်းဆုံး(၃)ရက်လောက်ကြိုတင်ထုတ်ပြန်ပေးလျှက်ရှိတယ်လို့ မိုးဇလကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။ လူမှုကွန်ရက်စာမျာက်နှာမှာ ဒီဇင်ဘာလအတွင်း ပြင်းထန်တဲ့ အအေးလှိုင်းဖြတ်မယ်ဆိုတဲ့ ကောလာဟလသတင်းတွေနဲ့ပတ်သက်လို့ အခုလိုပြောကြားခဲ့တာပါ။

“ အအေးလှိုင်းဖြတ်မယ်ဆိုတဲ့သတင်းနဲ့ ပတ်သက်လို့ ကျွန်တော်တို့ဘက်က ဘာမှမထုတ်ပြန်ထားဘူး။ စောင့်ကြည့်တဲ့အနေအထားပဲရှိတယ်။ ကျွန်တော်တို့က(၂၄)နာရီနေ့တိုင်းစောင့်ကြည့်နေတာ။ ဒါကို ဒီသတင်းတွေထုတ်ပြန်တဲ့သူက ဘယ်လိုသတင်းရပြီး ထုတ်ပြန်လည်းမသိဘူး။ တကယ်လို့ ထူးခြားတဲ့ရာသီဥတုတွေနဲ့ပတ်သက်ရင် အနည်းဆုံး(၃)ရက်၊ အများဆုံး(၅)ရက်လောက်ကြိုပြီး ထုတ်ပြန်ပေးတယ်။ ဆောင်းတွင်းဆိုတော့ နဲနဲတော့အေးမှာပေါ့။ အခုအရင်ကထက်ဆာရင် အပူဒဏ်ကတော့နည်းနည်းလျော့သွားတယ်။ ထူးခြားတဲ့ အအေးဒဏ်နဲ့ပတ်သက်ပြီးတော့မတွေ့ရှိရသေးပါဘူး” လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်က Duwun ကိုပြောပါတယ်။

မိုးလေဝသဌာနက မိုးလေဝသသတင်းကိုသာ အဓိကထားထုတ်ပြန်ပေးလျှက်ရှိနေပါတယ်။မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန Page က Official Page ဖြစ်လို့ ဒီကထုတ်ပြန်တဲ့ သတင်းတွေကိုသာ စောင့်ကြည့်စေချင်သလို ရာသီဥတုအခြေအနေတွေနဲ့ပတ်သက်လို့ ဖြစ်မှထုတ်ပြန်တာမျိုးမဟုတ်ဘဲ ရက်ကြိုပြီး ထုတ်ပြန်ပေးလျှက်ရှိတယ်လို့လည်း ဒေါက်တာသန်းနိုင်က ပြောကြားခဲ့ပါတယ်။


က္က