ဟန်မြင့်မိုရ်-ရွာငံလမ်းပိုင်း ၊ ရွာငံမြို့နယ် ယုန်တောင်ရွာအဆင်းလမ်းမှာ တိမ်းမှော်ကခဲ့တာပါ။
Minn Nandar

ဟန်မြင့်မိုရ်-ရွာငံလမ်းပိုင်း ၊ ရွာငံမြို့နယ် ယုန်တောင်ရွာအဆင်းလမ်း မိုင်တိုင်အမှတ် ၂၈ မိုင် ၃ ဖာလုံမှာ ယမန်နေ့ညက ဘုရားဖူးကားတစ်စီး အမြင့်ပေ ၁၅အ၀၀ ကျော်နက်တဲ့ တောင်အောက်ထဲလိမ့်ပြီး တိမ်းမှောက်သွားခဲ့ရာ သံဃာတော်တစ်ပါးအပါအဝင် လူ ၁၉ ဦးသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။

Photo - မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီး)

အောက်တိုဘာလ ၂၈ ရက်နေ့ညက ဘုရားဖူးခရီးသည် ၂၆ ဦး တင်ဆောင်လာတဲ့ လိုက်ထရက်ကားတစ်စီး ရွာငယ်မြို့နယ်၊ ယုန်တောင်ရွာအဆင်းလမ်းမှာ တိမ်းမှောက်သွားခဲ့ပြီး အများအပြားသေဆုံးခဲ့တယ်လို့ သိရပါတယ်။

"အခုလောလောဆယ်တော့ လူနာတွေကိုရွာငံဆေးရုံပို့ထားတယ်လို့ကြားတယ်ဗျ။ မန္တေလးဆေးရုံကိုသယ်လာတယ်လည်းကြားတယ်၊ အတိအကျ အတည်ပြုချက်တော့ပြောလို့မရေသးပါဘူး၊ အသက်ရှင်လျက် ကယ်လိုက်နိုင်တာက လူနာက ၁၀ ယောက်၊ သေတာက ၁၅ ယောက် ဒါအခု(နံနက် ၉ နာရီခွဲခန့်) ရသေလာက်သတင်းပါ အတည်ပြုထားတာတော့ မဟုတ်ပါဘူး" လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မန္တေလးတိုင်းဒေသကြီးကော်မတီ)ဥက္ကဌ ကိုလှိုင်မင်းဦးက Duwun ကိုပြောပါတယ်။

အဆိုပါဘုရားဖူးလိုက်ထရက်ကားဟာ စစ်ကိုင်းတိုင်းဒေသကြီး ရွှွေဘိုမြိုနယ် ခွန်းတောင်းကြီးရွာကနေ ဘုရားဖူး ၂၆ ဦးတင်ဆောင်လာတဲ့ကားဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တချို့ရဲ့သတင်းဖော်ပြချက်တွေအရသိရပါတယ်။

သေဆုံးသူတွေထဲမွာ သံဃာတော်တစ်ပါး၊ အသက် ၈ နှစ်ခန့်အရွယ်ယောက်ျားလေး ၂ ဦး၊ ၅ နှစ်ခန့်အရွယ်မိန်းကေလးတစ်ဦးအပါအဝင် အမျိုးသမီး ၁၂ ဦး စုစုပေါင်း လူ ၁၅ ဦးသေဆုံးကြောင်း ကနဦးသတင်းတွေကေဖာ်ပြထားပြီး အခုနောက်ဆုံးရရှိတဲ့သတင်းအရေတာ့ လူ ၁၉ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


က္က