မြန်မာနိုင်ငံကို ပြန်ရောက်ပြီး (၅)ရက်မြောက်နေ့မှာ ဓာတ်ခွဲစစ်ဆေးခဲ့တာပါ။

ရုရှားကနေ ပြန်လည်ရောက်ရှိလာတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အဖွဲ့ဝင်များအားလုံးမှာ COVID-19 ရောဂါပိုးတွေ့ရှိခြင်း မရှိဘူးလို့သိရပါတယ်။ 

photo-တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့



တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့မှာ ကျင်းပတဲ့ (၇၅)နှစ်မြောက် စစ်ရေးပြအခမ်းအနားကို တက်ရောက်ခဲ့ပြီး ဇွန်လ (၂၅)ရက်နေ့က မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာခဲ့တာပါ။

ပြန်ရောက်ရောက်ချင်းမှာပဲ COVID-19 ကာကွယ်ရေး စည်းမျဉ်းတွေအတိုင်းနေထိုင်ခဲ့ပြီး ရောဂါပိုး ရှိ၊မရှိကို ဓာတ်ခွဲစစ်ဆေးခဲ့တာပါ။

“ ရုရှားခရီးစဉ်ကိုက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် အဖွဲ့ဝင်(၁၅)ဦးပါပါတယ်။ ဒီကိုပြန်ရောက်တဲ့နေ့မှာပဲ COVID-19 စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ နေထိုင်ခဲ့ကြတာပါ။ ဒီကိုပြန်ရောက်တာ ဇွန် (၂၅)က ရောက်တာဆိုတော့ (၅)ရက်မြောက်နေ့မှာ ဓာတ်ခွဲစစ်ဆေးတော့ အားလုံးမှာ ရောဂါပိုးမတွေ့ရှိဘူး။ ဒါပေမယ့် သတ်မှတ်ထားတဲ့အတိုင်း ဒီရက်ပိုင်းကတော့ အသွားအလာတော့ရှိမှာမဟုတ်ပါဘူး”လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက Duwun ကိုပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ကိုယ်စားလှယ် အဖွဲ့ဟာ ရုရှားက စစ်ရေးပြအခမ်းအနားကိုတက်ရောက်ဖို့ ဇွန်လ (၂၂)ရက်နေ့က မြန်မာနိုင်ငံကနေ စတင်ထွက်ခွါခဲ့ပြီး (၂၅)ရက်နေ့မှာပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ရုရှားကနေ ပညာတော်သင်ပြီး ပြန်လည်လိုက်ပါလာတဲ့ မြန်မာနိုင်ငံသားတပ်မတော်သား (၂၂)ဦးမှာလည်း ရောဂါပိုးမတွေ့ရှိရဘူးလို့သိရပါတယ်။ လက်ရှိမှာတော့ တပ်မတော်သားတွေထဲမှာ အိန္ဒိယကပြန်လာတဲ့သူတွေထဲက (၅)ဦးရောဂါပိုးတွေ့ရှိထားတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က