ထိုင်းနိုင်ငံကဝန်ကြီးချုပ် ပရာယုသ်ချန်အိုချာ နဲ့ မြန်မာနိုင်ငံက အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တံတားအလယ်မှာပြုလုပ်မယ့် ဖွင့်ပွဲမှာ တက်ရောက်ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားဖွင့်ပွဲကို ထိုင်းဝန်ကြီးချုပ်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တက်ရောက်ဖွင့်လှစ်မှာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြထားပါတယ်။

photo- Bangkok post



ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံနယ်စပ်အကြားမှာ တည်ဆောက်ထားတဲ့ ချစ်ကြည်ရေးတံတားအမှတ် (၂)ကို မတ်လ ၁၉ ရက်နေ့မှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး နှစ်နိုင်ငံခေါင်းဆောင်တွေ တက်ရောက်မှာဖြစ်ပါတယ်။

မဲဆောက်မှ တာ့ခ်ခရိုင်နဲ့ မြန်မာနိုင်ငံ မြဝတီနယ်စပ်အကြား ဆက်သွယ်ထားတဲ့ ဒုတိယတံတားဟာ မွိုင်မြစ်ကို ဖြတ်သန်းတည်ဆောက်ထားတာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ တံတားကို စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ထိုင်းနိုုင်ငံက အကုန်အကျခံ တည်ဆောက်ပေးတာဖြစ်တယ်လို့ မြဝတီမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအိုက်ကျန်ခန်း က Duwun ကိုပြောပါတယ်။

“ မနက်ဖြန်အခြေအနေကတော့ ထိုင်းနိုင်ငံဘက်ကတော့ လေးနာရီဖွင့်မယ်ပြောပါတယ်။ ပြင်ဆင်မှုတွေကတော့ ပြီးပါပြီ ” လို့သူက ပြောပါတယ်။

ထိုင်းနိုင်ငံကဝန်ကြီးချုပ် ပရာယုသ်ချန်အိုချာနဲ့ မြန်မာနိုင်ငံမှ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က တံတားအလယ်မှာပြုလုပ်မယ့် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်သွားမှာဖြစ်ပါတယ်။ တံတားကိုတော့ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးကောင်းမွန်ဖို့ တည်ဆောက်ထားတာဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က