နိုင်ငံခြားကုမ္ပဏီတွေကိုတော့ ပြည်တွင်းအာမခံကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ကိုင်ခွင့်ပြုထားတယ်လို့ သိရပါတယ်။

နိုင်ငံခြားအာမခံကုမ္ပဏီတွေကို အာမခံလုပ်ငန်းတွေလုပ်ကိုင်ခွင့်ပြုတော့မယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂ ရက်နေ့မှာထုတ်ပြန်ကြေငြာလိုက်ပါတယ်။

(အာမခံလုပ်ငန်းအမျိုးအစားပေါင်း ၄၀ ကျော်လုပ်ကိုင်ခွင့်ရသည့် မြန်မာ့အာမခံလုပ်ငန်း) (ဓါတ်ပုံ- Global New Light of Myanmar)

နိုင်ငံအတွင်းက အာမခံလုပ်ငန်းတွေကို လုပ်ကိုင်ဖို့စိတ်ဝင်စားတဲ့ပြည်တွင်းနဲ့နိုင်ငံခြားအာမခံကုမ္ပဏီတွေကို အာမခံလုပ်ငန်းလုပ်ခွင်ပြုဖို့အတွက် လုပ်ငန်းဆောင်ရွက်လိုမှုအဆိုပြုလွှာနဲ့ အဆိုပြုလျှောက်လွှာကို တင်သွင်းဖို့ ဖိတ်ခေါ်သွားမယ်လို့ သိရပါတယ်။

အသက်အာမခံနဲ့ အထွေထွေအာမခံနှစ်မျိုးလုပ်ကိုင်နေတဲ့ပြည်တွင်းကုမ္ပဏီတွေကို အသက်အာမခံနဲ့ အထွေထွေအာမခံတွေကို သီးခြားလုပ်ကိုင်ဖို့ ညွှန်ကြားထားတာဖြစ်ပြီးတော့ နိုင်ငံခြားကုမ္ပဏီတွေကိုတော့ ပြည်တွင်းအာမခံကုမ္ပဏီတွေနဲ့ ဖက်စပ်လုပ်ကိုင်ခွင့်ပြုထားတယ်လို့ သိရပါတယ်။

အသက်အာမခံလုပ်ငန်းတွေမှာ နိုင်ငံခြားအသက်အာမခံကုမ္ပဏီတွေက ရာနှုန်းပြည့်ပိုင်တဲ့ လက်အောက်ခံကုမ္ပဏီတွေအဖြစ် ၃ခုထက်မပိုတဲ့ အသက်အာမခံလုပ်ငန်းလိုင်စင်ထုတ်ပေးတာ၊ ကိုယ်စားလှယ်ရုံးခွဲဖွင့်ပြီးဖြစ်တဲ့ နိုင်ငံခြားအသက်အာမခံကုမ္ပဏီ (ဒါမှမဟုတ်) အသက်နဲ့ အထွေထွေအာမခံလုပ်ကိုင်နေတဲ့ နိုင်ငံခြားအာမခံကုမ္ပဏီတွေကို ပြည်တွင်းအသက်အာမခံကုမ္ပဏီနဲ့ ဖက်စပ်ဆောင်ရွက်ခွင့်ပြုတာ အထွေထွေအာမခံနဲ့ ပါတ်သတ်ပြီးတော့ မြန်မာနိုင်ငံမှာရုံးခွဲဖွင့်ထားတဲ့ အထွေထွေအာမခံကုမ္ပဏီ(သို့) အသက်နဲ့ အထွေထွေအာမခံနှစ်မျိုးလုပ်ကိုင်နေတဲ့နိုင်ငံခြားအာမခံကုမ္ပဏီကို ပြည်တွင်းကအထွေထွေအာမခံကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်ခွင့်ပြုတယ်လို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်မှာ ပြည်တွင်းက အာမခံကုမ္ပဏီ ၁၁ ခုကို အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်တွေထုတ်ပေးခဲ့တာဖြစ်ပြီးတော့ အသက်အာမခံနဲ့ အထွေထွေအာမခံနှစ်မျိုးလုပ်ကိုင်ခွင့်ပြုထားတာဖြစ်ပါတယ်။

                           



က္က