တက်ပလက်တွေနဲ့ ကောက်ယူမှာပါ။
Hmue Eain Zaw

၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ ကြားဖြတ်လူဦးရေသန်းခေါင်းစာရင်းကို ကောက်ယူသွားဖို့စီစဉ်နေတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ကသိရပါတယ်။

Photo - MOI

၁၀ နှစ်လျှင်တစ်ကြိမ် ကောက်ယူသော သန်းခေါင်စာရင်း အချက်အလက်တွေကို လက်ရှိအခြေအနေနဲ့ ကွာဟမှု မရှိစေဖို့ နဲ့ ပြောင်းလဲမှုကို သိရှိနိုင်စေဖို့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူပြီး ၅ နှစ်အကြာ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ တွင် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကိုကောက်ယူမှာဖြစ်ပါတယ်။

ဇွန်လ ၂၅ ရက်နေ့က နေပြည်တော်မှာ ကျင်းပခဲ့ဲတဲ့၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရန်ဖို့အတွက် အသုံးပြုမယ့် မေးခွန်းပုံစံမှာ ထည့်သွင်းဖော်ပြနိုင်ရေးအတွက် အချက်အလက် အသုံးပြုသူများ အလုပ်ရုံ ဆွေးနွေးပွဲတွမှာပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက ပြောကြားခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာမှာဖော်ပြပါတယ်။

ခုလက်ရှိမှာ ကြားဖြတ်သန်းခေါင်စာရင်းအတွက် နမူနာကောက်ကွက် ရွေးချယ်ခြင်းနှင့် ကောက်ကွက်အရွယ်အစား သတ်မှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ မြေပုံရေးဆွဲခြင်းနှင့် Update ပြုလုပ်ခြင်းကို ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အတွက် ရေးဆွဲထားသည့် ကောက်ကွက်မြေပုံများကို အခြေခံပြီး Google Map၊ GIS Technology တို့ကို အသုံးပြုကာ နမူနာ ကောက်ကွက်တွေကို Digitize မြေပုံများ ထုတ်လုပ်ခြင်းနဲ့ မြေပြင်တိုက်ဆိုင် စစ်ဆေးခြင်းတွေကို ဆောင်ရွက်နေတယ်လို့သိရပါတယ်။

ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရာမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူစဉ်ကလို မေးခွန်းစာရွက်တွေနဲ့ Manual ကောက်ခံမည်မှာ မဟုတ်ဘဲ Mobile Tablets တွေအသုံးပြုပြီး ကွန်ပျူတာအခြေပြု လူတစ်ဦးချင်း အင်တာဗျူးစနစ် (CAPI) နည်းပညာကို အသုံးပြုကောက်ယူသွားမယ်လို့ဆိုပါတယ်။



Author


က္က