ဆုလက်ခံရာမှာလည်း မြန်မာဝတ်စုံကိုသာဝတ်ဆင်ပြီး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

 နိုင်ငံလေးနိုင်ငံက ကျောင်းသားတွေပေါင်းပြီးတော့ လက်ပံတန်းမှာ ဆန်လုပ်ငန်းလုပ်ကိုင်ရာကနေ hult prize foundation ကနေ ချီးမြှင့်တဲ့ဒေါ်လာငွေတစ်သန်းကို ဆုအဖြစ်ရရှိခဲ့ပါတယ်။

Photo- Prosepctasean



မလေးရှား၊လာအို၊ ဟောင်ကောင်နဲ့ ချက်ဇ်သမ္မတနိုင်ငံက ဥပဒေ၊ဆေးပညာရပ်၊သိပ္ပံနဲ့ စိတ်ပညာ ကျောင်းသား၇ ဦး ပါဝင်တဲ့ အဖွဲ့က ဆန်အခြောက်ခံတဲ့ လုပ်ငန်းနဲ့ ပါဝင်ယှဉ်ပြိုင်ရာကနေ ဆုရရှိခဲ့တာပါ။

သူတို့ရဲ့ Rice Inc လို့ခေါ်တဲ့လုပ်ငန်းက နေစွမ်းအင်အသုံးပြုထားပြီး ဆန်အခြောက်ခံစက်ကို ပြုလုပ်ထားတာဖြစ်ပါတယ်။ဆုလက်ခံရာမှာလည်း မြန်မာဝတ်စုံကိုသာဝတ်ဆင်ပြီး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

" လယ်သမားတွေက သူတို့ ဆန်တွေကိုပုံမှန်အားဖြင့် တလင်းတွေမှာဖြန့်ပြီးတော့နေလှန်းရတယ် ဆိုတော့သူတို့က ဆန်တွေဝါတာတွေညိုတာတွေဖြစ်ရင် ဈေးကောင်းမရဘူး။ အဲ့ဒါကို ကျောင်းသားလေးတွေကနေ ပြီးတော့ သုတေသနလုပ်ရင်းနဲ့မှ ဒီလုပ်ငန်းလုပ်ဖို့အတွက် သူတို့ရင်းနှီးမြှုပ်နှံဖို့ ရတာပါ " လို့ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းက အထွေထွေအတွင်းရေးမှုး ကိုနေလင်းဇင်က Duwun ကိုပြောပါတယ်။


Photo- Prosepctasean

မြန်မာနိုင်ငံကလယ်သမားတွေအနေနဲ့ ဈေးကွက်ကိုပို့ရတဲ့ဆန်တွေစိုနေတဲ့အခါမှာ သဘာဝအတိုင်းအခြောက်ခံပြီး ရောင်းချကြရာကနေ ဈေးကောင်းမရရှိတာတွေကြုံတွေ့ရတာကြောင့် ဒီလိုနည်းစနစ်ကို စမ်းသပ်ပြီးလုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

Rice Inc အနေနဲ့အဲ့ဒီစိုထိုင်းနေတဲ့စပါးတွေကို လယ်သမားတွေကို အခမဲ့အဖြစ်ခြောက်အောင်လုပ်ပေးမှာဖြစ်ပြီးတော့ အဲ့ဒီဆန်တွေကိုပြန်သိုလှောင်ပြီးဈေးကွက်ထဲကို ပြန်ရောင်းမှာဖြစ်တယ်လို့လည်း prospectasean မှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဆန်တင်ပို့မှုက ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ တန်ချိန် ၃.၃ သန်းတင်ပို့နိုင်ခဲ့ပြီးတော့ နိုင်ငံ့ GDP ရဲ့ ၃၈% ကဆန်လုပ်ငန်းကမှီခိုနေတာဖြစ်ပါတယ်


ဆက်စပ်အကြောင်းအရာများ



က္က