ရိုက်တာသတင်းထောက်နှစ်ဦးက ထောင်ချောက်ဆင်ဖမ်းဆီးခံရတာဖြစ်တဲ့အကြောင်း အယူခံတင်မှုကို တိုင်းတရားရုံးကနေ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။

ရိုက်တာသတင်းထောက်နှစ်ဦးက ထောင်ချောက်ဆင်ဖမ်းဆီးခံရတာဖြစ်တဲ့အကြောင်း အယူခံတင်မှုကို တိုင်းတရားရုံးကနေ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။

ရိုက်တာသတင်းထောင်နှစ်ဦးရဲ့ ရှေ့နေတွေက ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ရန်ကုန်တိုင်းတရားရုံးမှာ အယူခံအတွက်ကြားနာခဲ့တာလည်းဖြစ်ပါတယ်။ သတင်းထောက်နှစ်ဦးကို နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်စီချမှတ်ခံခဲ့ရတာဖြစ်ပြီးတော့ သူတို့နှစ်ဦးက လျှို့ဝှက်ချက်ကို မတောင်းဆိုခဲ့ကြကြောင်းနဲ့ တင်ပြတဲ့ သက်သေတွေအရ အပြစ်မရှိကြောင်းနဲ့ ပြစ်ဒဏ်ကို ပယ်ဖျက်ပေးဖို့အတွက် အယူခံတင်ခဲ့တာပါ။


" တရားရုံးဆုံးဖြတ်ချက်နဲ့ပတ်သတ်ပြီး အမှန်တကယ် စိတ်ပျက်စရာကောင်းတယ်ဒါကမြန်မာနိုင်ငံရဲ့လွတ်လပ်စွာထုတ်ဖော်ခွင့်နဲ့ အခြေအနေကို မီးထိုးပြလိုက်တာပဲ အယူခံသုံးသပ်ချက်တွေကို ပယ်ချခဲ့တယ် ပြစ်ဒဏ်ခုနှစ်နှစ်ကိုအတည်ယူခဲ့တယ်" လို့ သတင်းထောက်နှစ်ဦးရဲ့ ရှေ့နေဦးသန်းဇော်အောင်က ဒီကနေ့ တရားရုံးမှာ ပြောကြားခဲ့တာလည်းဖြစ်ပါတယ်

ရိုက်တာသတင်းထောက်နှစ်ဦးကို ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလတုန်းက ရခိုင်ပြည်နယ်က ရဲကင်းစခန်းတွေရဲ့ လုံခြုံရေးနဲ့ ပတ်သတ်တဲ့ စာရင်းတွေကို လက်ဝယ်တွေ့ရှိလို့ ဆိုပြီးတော့ဖမ်းဆီးခဲ့ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့မှာ မြောက်ပိုင်းခရိုင်တရားရုံးကနေ ထောင်ဒဏ် ၇ နှစ်စီချမှတ်ခဲ့တာလည်း ဖြစ်ပါတယ်။



က္က