လယ်ယာလုပ်ငန်းနဲ့ SME တွေပါဝင်ပါတယ်။

ရိုးမဘဏ်ကနေ တိုင်းဒေသကြီး ၁၂ ခုမှာ မြန်မာကျပ်ငွေ ၇ ဘီလီယံနဲ့ ငွေချေးပေးသွားမယ်လို့ ရိုးမဘဏ်က ကြေငြာလိုက်ပါတယ်။



1-Mr. Rommel Caringal, CEO of VisionFund Myanmar and Hal Bosher, Advisor to the Chairman and CEO of Yoma Bank sign the funding agreement at Yoma Bank Head Office on Monday.jpg

ိချေးငွေအတွက် သဘောတူစာချုပ်ချုပ်ဆိုစဉ်

 

ရိုးမဘဏ်နဲ့ Vision Fund Myanmar တို့ပူပေါင်းပြီးတော့ အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ မီလီယံတန် ဘဏ္ဍာရေးပံ့ပိုးမှုသဘောတူစာချုပ်ချုပ်ဆိုခဲ့တာလည်းဖြစ်ပါတယ်။

အဲ့ဒီချေးငွေတွေကို လယ်ယာလုပ်ငန်းမှာ ချေးငွေပေးအပ်သွားမှာဖြစ်ပြီးတော့ အသေးစားစီးပွားရေးလုပ်ငန်းတွေအတွက်လည်း ပံ့ပိုးသွားမယ်ဆိုပြီး ထုတ်ပြန်ထားတာပါ။

 “ အခုရိုးမဘဏ်ကနေ vision fund ကတစ်ဆင့်ပေးတဲ့ဘဏ္ဍာရေးပံ့ပိုးမှုက လူမှုအကျိုးသက်ရောက်မှုတွေဖြစ်စေပါတယ်။ကောင်းမွန်တဲ့အုပ်ချုပ်မှုပုံစံရပြီးတော့ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် ရေရှည်စိတ်အားထက်သန်တဲ့ ရိုးမဘဏ်ကို ရွေးချယ်လိုက်တာပါ ” လို့ ရိုးမဘဏ်ရဲ့ Speical advisor to the chairman and CEO , Mr.Hal Bosher ကပြောပါတယ်။

အသေးစား၊အလတ်စားလုပ်ငန်းတွေကို ငွေချေးပေးမယ့်အစီအစဉ်မှာ ရိုးမဘဏ်ကနေတစ်ဆင့် တစ်နိုင်ငံလုံးက တိုင်းဒေသကြီး ၁၂ ခုကို ဖြန့်ကျက်ပြီး ချေးပေးသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

အသေးစား၊အလတ်စား စီးပွားရေးလုပ်ငန်းတွေကို JICAကနေလည်း နှစ်ဆင့်ချေးငွေစီမံကိန်းအနေနဲ့ အသေးစား၊အလတ်စားလုပ်ငန်းတွေကို ငွေချေးပေးနေတာဖြစ်ပြီးတော့ လုပ်ငန်းတစ်ခုကို အများဆုံး သန်း ၅၀၀ ထုတ်ချေးပေးတာဖြစ်ပါတယ်။

ပုဂ္ဂလိက ဘဏ် ၆ ဘဏ်ကနေတစ်ဆင့် လုပ်ငန်းရှင် ၂၆၉ ဦးကို တရားဝင်ချေးငွေအနေနဲ့ ကျပ်သန်းပေါင်း ၅၇၆၃၄ သန်းကို ချေးပေးပြီးဖြစ်တယ်လို့လည်း မြန်မာ့စီးပွားရေးဘဏ်ကနေတစ်ဆင့် ထုတ်ပြန်ထားတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က