သုံးကြိမ်မြောက်ရှိနေတာဖြစ်ပြီးတော့ လူအယောက်ပေါင်း သုံးသောင်းကျော်လောက်ပါဝင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။

မတ်လ ၃၀ ရက်နေ့မှာ ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ပါဝင်တဲ့ Duwun Food Carnival ကိုရန်ကုန်မြို့ပြည်သူ့ရင်ပြင်မှာဖွင့်လှစ်လိုက်ပါတယ်။

အဲ့ဒီအစားအသောက်ပွဲတော်မှာ ထူးခြားချက်အနေနဲ့ kbz pay နဲ့ငွေရှင်းနိုင်မှာဖြစ်ပြီးတော့ အစားအသောက်ငွေရှင်းတာကို cashless စနစ်နဲ့ လုပ်ဆောင်မှာဖြစ်ပါတယ်။



ဒါ့အပြင် Team 143 ၊ Project K ၊ Oak Soe Khant ၊ တို့အပြင် အေသင်ချိုဆွေ၊ကောင်းကောင်း၊ကျော်ဇင်မင်း၊ကေကေမိုး၊ key နဲ့ အကအဖွဲ့တွေကပါ ဖျော်ဖြေသွားမှာဖြစ်ပါတယ်။

" ထူးခြားချက်က ကျွန်တော်တို့မှာ ခြောက်ပေကျော်ရှိတဲ့ လက်ဖက်ပွဲကြီးကို ပြင်ဆင်မယ်။လူတိုင်းလည်း လာစားလို့ရမယ်။နောက်ပြီးတော့ စတုဒိသာအစီအစဉ်တွေအပြင်

လူကိုယ်တိုင်အရုပ်ကောက်လို့ ရမယ့်အစီအစဉ်တွေပါ ပါဝင်မှာပါ " လို့ Duwun ရဲ့ Head of events ဖြစ်သူ ကိုအီသန်က ပြောပါတယ်။

ဒါ့အပြင် ဆယ်လီတွေကိုယ်တိုင်ရောင်းချမယ့် မုန့်ဈေးတန်းလည်းပါဝင်သွားမယ်လို့ ဆိုပါတယ်။

နှစ်စဉ်ကျင်းပနေတဲ့ အစားအသောက်ပွဲတော်ကို ဒီနှစ်မှာပြုလုပ်တာက သုံးကြိမ်မြောက်ရှိနေတာဖြစ်ပြီးတော့ လူအယောက်ပေါင်း သုံးသောင်းကျော်လောက်ပါဝင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း

သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က