စက်တင်ဘာလမှာ မူကြမ်းတင်သွင်းမှာပါ။

ရခိုင်ပြည်နယ် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် မြောက်ဦးဒေသကို ၂၀၂၁ ခုနှစ်မှာ ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ဖြစ်ဖို့ လာမည့် စက်တင်ဘာလမှာ UNESCO ထံ မူကြမ်းတင်သွင်းတော့မယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင်က ပြောပါတယ်။

Photo- Go Myanmar

၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာတော့ ကမ္ဘာ့အမွေအနှစ် အဆိုပြုစာတွဲကို အချောသတ်ရေးဆွဲပြီး တင်ပြနိုင်တော့မှာ ဖြစ်တာကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ မြောက်ဦးဒေသကို ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ဒေသအဖြစ် ကြေညာနိုင်မယ်လို့ သူက ဆိုပါတယ်။

“ မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ဖို့ ဆက်တိုက်လုပ်နေပါတယ်။ တော်တော်လေး ခရီးရောက်နေပါပြီ။ ရခိုင်မှာ ပဋိပက္ခတွေ ဖြစ်နေပေမယ့် ယဉ်ကျေးမှု အမွေအနှစ်ဒေသဖြစ်တဲ့ မြောက်ဦးကိုတော့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ကမ္ဘာွှအမွေအနှစ်စာရင်းဝင်ဖို့က လုပ်ရမှာပါ” လို့ ဒေါက်တာသိန်းလွင်က ပြောပါတယ်။

မြောက်ဦးဒေသပြီးပါက ရန်ကုန်မြို့မှ ရွှေတိဂုံစေတီတော်ကို ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ဖို့ ဆက်လုပ် လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ ၂၀၁၄ ခုနှစ်မှာ ဗိဿနိုး၊ဟန်လင်း၊သရေခေတ္တရာ စတဲ့ပျုမြို့ဟောင်း သုံးမြို့ကို ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်အဖြစ် တင်သွင်းနိုင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဇူလိုင် ၆ ရက်နေ့မှာလည်း အဇာဘိုင်ဂျန်နိုင်ငံမှာ ပြုလုပ်တဲ့ UNESCO ရဲ့ (၄၃) ကြိမ်မြောက် ကမ္ဘာ့ အမွေအနှစ်ကော်မတီ အစည်းအဝေးမှာ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

Share

Loading Next Article...
က္က