UNICEF က ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်ထဲက နေရာအချို့က စာသင်ကျောင်းတွေကို လက်နက်ကိုင်နေရာတွေအဖြစ်ခြေကုပ်ယူထားတဲ့အတွက် မကြာမီကာလကျောင်းတွေပြန်ဖွင့်တဲ့အချိန်မှာ ကလေးတွေကျောင်းတက်နိုင်ဖို့ အခက်အခဲရှိနေတယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ကသိရပါတယ်။

Photo- UNICEF



လာမယ့် ဂျွန်လထဲမှာဆိုရင် ကျောင်းသားလူငယ်တွေ ကျောင်းပြန်တက်ကြရမှာဖြစ်ပေမယ့် တိုက်ပွဲဖြစ်တဲ့နေရာတွေက ကျောင်းတွေမှာ တပ်တွေစွဲထားတာကြောင့် တက်စရာ ကျောင်းမရှိပဲဖြစ်နေတာပါ။

ဒါကြောင့် ကျောင်းတက်ရာသီအမှီ ကလေးတွေ ကျောင်းတက်နိုင်ဖို့ ကျောင်းတွေကနေ ဖယ်ပေးဖို့ အတွက် UNICEF က မေလ ၂၈ ရက်နေ့ ရက်စွဲနဲ့ တောင်းဆိုမှုပြုလုပ်ထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းကတိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ကလေးတွေ အရည်အတွက် များလာသလို အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် ကလေးတွေ သေဆုံးနေရတဲ့ ကိစ္စကိုလည်း စိုးရိမ်မိတယ်လို့ ပြောဆိုထားပါတယ်။

“စစ်ပွဲတွေကြောင့် ကလေးတွေရဲ့ ပညာရေးမှာ မကြာခဏ ထိခိုက်မှုတွေရှိနိုုင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အာဟာရ ရရှိမှုမှာလည်း ပိုုပြီး ခက်ခဲပါတယ်။ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေကြရတဲ့ ကလေးတွေအပေါ် ကြီးလေးတဲ့ ချိုးဖောက်မှုတွေအားလုံးနဲ့ညှင်းပန်းနှိပ်စက်မှုလုုပ်ရပ်အားလုံုးကိုု အဆုံုးသတ်ရေးလုုပ်ဆောင်ဖိုု့နဲ့ အဲဒီကလေးတွေရဲ့ အခွင့်အရေးတွေကို အလေးထားဖိုု့ တိုုက်တွန်းလိုုပါတယ်။”လို့ Save The Childern အဖွဲ့ရဲ့Country Director ဖြစ်သူ Michael McGrath က မေလ ၂၈ ရက်နေ့က နိုုင်ငံတကာကလေးများနေ့အကြိုထုုတ်ပြန်ချက်ထဲမှာ ပြောကြားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က