ဆေးဝါးတွေလည်းမရှိသလို ကလေးငယ်တွေဟာ အစာအဟာရ ချို့တဲ့နေပါတယ်။

ဘူးသီးတောင်မြို့၊ အမှတ် (၄) ရပ်ကွက်ရှိ(မြို)စစ်ဘေးရှောင်စခန်းက ကလေးငယ်၁၅ဦးဟာ ရာသီတုပ်ကွေးရောဂါ ကူးစက်ခံနေရပြီး ဆေးဝါးကုသရန် အခက်အခဲဖြစ်နေတယ်လို့ ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္ကသိုလ် ကျောင်းသား/သူများအဖွဲ့(CUSR) ကနေ သိရပါတယ်။ 

ရခိုင်ပြည်နယ်အတွင်းရှိ ချင်းတက္ကသိုလ်ကျောင်းသား/သူများအဖွဲ့ (CUSR) ကလည်း ဒီကနေ့ ဇူလိုင်လ ၂၃ ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။"စားစရာမရှိတာတော့မဟုတ်ဘူး။ အာဟာရဖြစ်မယ့်ဟာတွေ အလုံအလောက်မရှိတာပေါ့။ ဒီစစ်ဘေးရှောင်စခန်းက ကိုယ်ထူကိုယ်ထ နေကြတဲ့နေရာလို့သိရတယ်။ အမျိုးအိမ်မှာနေတာတို့ ၊ ကိုယ့်ဘာသာမြေငှားပြီးနေကြတာတို့ပေါ့။ "လို့ CUSRမှ ဆလိုင်းသိန်းမြင့်ကပြောပါတယ်။ တုပ်ကွေးရောဂါကူးစက်ခံနေရတဲ့ ကလေးငယ်အများစုဟာ ဆေးကုသမှုခံယူဖို့ ငွေကြေးအဆင်မပြေဖြစ်နေတာ ဖြစ်တယ်လို့ အမှတ် (၄)ရပ်ကွက် စစ်ဘေးရှောင်စခန်းကော်မတီဥက္ကဌ ဦးအောင်စိန်ကပြောပါတယ်။ "ကလေးတွေ တော်တော်များများကူးစက်ခံနေကြရပါပြီ။ အခုဆို ယောကျ်ားလေး(၈) ယောက်၊ မိန်းကလေးက (၇)ယောက် ရှိနေပါပြီ။ ကျန်းမာရေးအဖွဲ့ကလည်း တုတ်ကွေးနဲ့ပါတ်သတ်ပြီး အခမဲ့ ကုသပေးတာ မျိုး မရှိသေးဘူး။ ကိုယ်ထူကိုယ်ထ ဆေးခန်းပြဖို့ဆိုတာကလည်း ပိုက်ဆံမရှိကြဘူး။ အများစုကတော့ ဆေးဝါကုသဖို့ အခက်အခဲ ကြုံနေကြရပါတယ်"လို့ ဦးအောင်စိန်ကပြောပါတယ်။

စစ်ဘေး ရှောင်စခန်းမှာ မီးဖိုချောင်သုံး ပစ္စည်းတွေ မရှိသလို ကျန်းမာရေးအတွက် “မီးဖိုချောင်သုံး ပစ္စည်တွေလည်း မရှိဘူး ။ ကျွန်မတို့မှာ အလုပ်လည်း မလုပ်ရတော့ ဘူး။ ပိုက်ဆံလည်း မရှိတော့ဘူး။ ကလေး တွေကို အသားတွေ မချက်ကျွေးနိုင်ပါဘူး။ ဟင်းသီးဟင်းရွက်တောင် တစ်ခါတစ်လေ မှ ချက်ကျွေးနိုင်ပါတယ်။ ဖြစ်သလိုသာစားနေကြရပါတယ်။ " လို့ တိုက်ပွဲရှောင် အမျိုး သမီး ဖြစ်သူ ဒေါ်စာရာက ပြောပါတယ်။

ကလေးတော်တော်များများဟာ ကိုယ်ခံအားလျော့နည်းလာမှု၊ အဟာရမပြည့်ဝမှုနှင့်ရောဂါကြိုတင်ကာကွယ်ရေး ပစ္စည်းတွေမရှိတာကြာင့် လို့ဆိုပါတယ်။ဒါကြောင့် စစ်ဘေးရှောင် ဒေသခံပြည်သူတွေဟာ ဆေးဝါးတွေ၊ စားဝတ်နေရေးအတွက်ကူညီပေးဖို့တောင်းဆိုနေပါတယ်။

(အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်)



က္က