နေပြည်တော်ကို ရုပ်ရှင်မြို့တော်အဖြစ် တည်ဆောက်လိုတယ်လို့ ပြောခဲ့ပါတယ်။
ရုပ်ရှင်လောကသားတွေအနေနဲ့ လက်ရှိရောက်နေတဲ့ နေရာမှာတင် တင်းတိမ်ကျေနပ်တာမျိုးမဟုတ်ဘဲ နိုင်ငံတကာာရုပ်ရှင်တွေနဲ့ အဆင့်အတန်းမှီအောင် ရည်မှန်းချက်ထားပြီး ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ မတ်လ ၂၃ ရက်မှာ ကျင်းပနေတဲ့ ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားမှာ တတ်ရောက် အမှာစကားပြောကြားရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

Photo- MRTV



လတ်တလောကာလမှာ ဒေသတွင်းရှိ ရုပ်ရှင်ကဏ္ဍဖွံဖြိုးတိုးတက်နေတဲ့ နိုင်ငံများကို သွားရောက်လေ့လာပြီး ကြိုးစားကြဖို့ တိုက်တွန်းခဲ့ပြီး ရုပ်ရှင်ကဏ္ဍ ဖွံဖြိုးတိုးတက်မှုဆောင်ရွက်ရာမှာ ရုပ်ရှင်လောကသားတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေသာမကဘဲ နိုင်ငံတော်ကလည်း ထိရောက်တဲ့ အကူအညီတွေပေးဖို့ လိုအပ်တာကို နားလည်ပြီး မချမ်းသာသေးတဲ့ အချိန်မှာ နိုင်ငံတော်အစိုးရအနေနဲ့ ငွေကြေးအရ ပံပိုးနိုင်ဖို့က အတိုင်းအတာတစ်ခုအထိသာရှိသေးတယ်လို့လည်း ဆိုပါတယ်။

“ရုပ်ရှင်ဇာတ်ကားတွေ များများထွက်လာတာနဲ့အမျှ ရုပ်ရှင်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးပွားလာမှာပါ။ ခေတ်မီ ရုပ်ရှင်ရုံတွေလည်း နိုင်ငံတစ်ဝှမ်းမှာ အများအပြားပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့လည်း ရုပ်ရှင်လောက ဖွံဖြိုးဖို့အတွက် လိုအပ်တဲ့ စတူဒီယိုတွေ၊ ရိုက်ကွင်းနေရာတွေကို ဖန်တီးပေးမယ်။ တတ်နိုင်တဲ့ဘက်ကနေ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာပါ” လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်ကို ရုပ်ရှင်မြို့တော်အဖြစ် တည်ဆောက်လိုကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များကလည်း ရေရှည်မှာ အကျိုးမြတ်များများရတဲ့ ရုပ်ရှင်လုပ်ငန်းတွေမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံပြီး ရုပ်ရှင်လောက ဖွံဖြိုးတိုးတက်ဖို့ တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးပေးကြဖို့လည်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ရှိလာဖို့အတွက် ကူညီပေးခဲ့ကြတဲ့ ခေတ်အဆက်ဆက်က ရုပ်ရှင်လောကသားတွေကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲကိုလည်း တက်ရောက်အားပေးခဲ့တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က