ဧပြီလ ၁ရက်နေ့မတိုင်ခင်မှာ နှုန်းထားအသစ်ကို ထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအကုန်လုံးက ဧပြီ ၁ ရက်နေ့မှာပြောင်းလဲသတ်မှတ်မယ့် လုပ်ခလစာတိုးမြှင့်မှုမှာ ခံစားခွင့်ရမှာဖြစ်တယ်လို့ ထိုင်းအခြေစိုက် မြန်မာရွှေ့ပြောင်းလုပ်သား အခွင့်အရေးကွန်ရက် MWRN ကနေ Duwun ကိုပြောပါတယ်။

ဓါတ်ပုံ- ရွှေ့ပြောင်းအလုပ်သမားအများစု အဝင်အထွက်ပြုလုပ်မှုများသည့် မြဝတီနယ်စပ်ဂိတ် (MOHA)



“ အတိအကျက မထွက်သေးဘူး၊ မတ်လထဲမှာ နောက်ဆုံးအဆင့် လုပ်အားခသတ်မှတ်ရေးကော်မတီက နောက်ဆုံးအဆင့် အစည်းအဝေးထိုင်မယ်။ ခရိုင်ကော်မတီကနေ ဗဟိုကော်မတီကိုပို့ပြီးတော့ သုံးသပ်ပြီးှ အတည်ဖြစ်မှာ။ တိုးမယ်ဆိုပေမယ့် နှုန်းထားတွေကို သေချာမသိသေးဘူး။ လက်ရှိမှာက ခရိုင်အလိုက်မတူဘူး။ ကိန်းတွေကတော့ အနည်းဆုံးကနေအများဆုံးက မတူဘူးဖြစ်နေတယ်။ ” လို့ MWRN ကဥက္ကဌဖြစ်သူ ဦးစိန်ဌေးက ပြောပါတယ်။

လစာတိုးမြှင့်မယ့်အကြောင်းကို ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ထိုင်းနိုင်ငံက လုပ်အားခတိုးမြှင့်ရေးဆိုင်ရာကော်မတီကနေ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ လုပ်အားခတိုးမြှင့်မယ့်ခရိုင်တွေက ၂၈ ခရိုင်ဖြစ်ပြီးတော့ မတ်လအတွင်းမှာ အစည်းအဝေးထိုင်ပြီးတဲ့အခါမှာ ဧပြီလ ၁ရက်နေ့မတိုင်ခင်မှာ နှုန်းထားအသစ်ကို ထုတ်ပြန်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းလုပ်ကိုင်နေတဲ့မြန်မာလုပ်သားပေါင်း ၃ သန်းနီးပါးရှိနေတာဖြစ်ပြီးတော့ ဘန်ကောက်နဲ့ စမွတ်စခွန်ပြည်နယ်(မဟာချိုင်)တို့မှာအလုပ်လုပ်ကိုင်နေသူတွေများတယ်လို့ သိရပါတယ်။

ဘန်ကောက်မှာအလုပ်လုပ်ကိုင်နေသူဦးရေက ၅ သိန်းကနေ ၆ သိန်းကြားရှိပြီးတော့ မဟာချိုင်မှာတော့ ၄ သိန်းဝန်းကျင်ရှိနေတာဖြစ်ပြီး ပင်လယ်စာစက်ရုံ၊ စက်မှုစက်ရုံ၊ ပရိဘောဂစက်ရုံတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က