မိုးရေချိန် ၈ လက်မအထိ ကျော်လွန်နေတာပါ။

မွန်ပြည်နယ် သထုံမြို့နယ် အနီးတစ်ဝိုက် ရပ်ကွက်နဲ့ ကျေးရွာအချို့မှာ မိုးရေချိန်အဆမတန်များပြီး ရေဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့အပြင် မြသပိတ်တောင်မှာလည်း မြေပြိုကျမှု ဖြစ်ပွားခဲ့တယ်လို့ သထုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြောပါတယ်။

မြသပိတ်တောင်မှာ သြဂုတ်လ ၂ ရက်ညပိုင်းက မြေပြိုမှု ဖြစ်ပွားခဲ့တာကြောင့် ဒီကနေ့ မနက်ပိုင်းမှာတော့ မီးသတ်တပ်ဖွဲ့၊ စည်ပင်၊ တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ လူမှုရေးအသင်းအဖွဲ့တွေက သွားရောက်ရှင်းလင်းခဲ့ရတယ်လို့ ဆိုပါတယ်။ လတ်တလောမှာ မြသပိတ် တောင်တက်လမ်းကို ယာယီပိတ်ထားလိုက်ရပြီး ဘုရားဖူးပြည်သူတွေအနေနဲ့လည်း အခုချိန်လာရောက်ဖို့ မသင့်ဘူးလို့ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက Duwun ကို ပြောပါတယ်။



ဓာတ်ပုံ- Zin Moe ( မြသပိတ်တောင်ပြိုကျမှုကို ရှင်းလင်းနေစဉ်)

“ မြသပိတောင်က မြေသားတောင်ဖြစ်တော့ အခုလို မိုးများချိန်မှာ တောင်ပြိုတာတွေ ဖြစ်တယ်။နောက်ပြီး မြေထိန်းနံရံတွေလည်း မရှိဘူး။ နောက်ထပ်မြေပြိုနိုင်မယ့်နေရာတွေကိုလည်း သတ်မှတ်စစ်ဆေးနေပါတယ်” လို့ ဦးအောင်ကျော်သူက ဆိုပါတယ်။

ဒါ့အပြင် မိုးရေချိန်လက်မက (၈) လက်မကျော်နေပြီး သထုံမြို့နယ်အတွင်း နန်းခဲရပ်ကွက်၊နတ်ကျွန်းရပ်ကွက်၊ ဒူးရင်းဆိပ်ကျေးရွာစတဲ့ ကျေးရွာ ၊ ရပ်ကွက် (၄) ခုမှာ ရေကြီးရေလျှံမှုတွေ သြဂုတ်လ ၂ ရက်ညပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ရပ်ကွက်နေသူတွေကို ကယ်ဆယ်ရေးစခန်းတွေကို ပြောင်းရွေ့ဖို့ စီစဉ်ထားကာ ဒီထက်ပိုပြီး မိုးကြီး၊ ရေလှံျလာရင်တော့ ပြောင်းရွှေ့ပေးမယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်းက ကျိုက္ခမီမြို့က ရပ်ကွက်အချို့မှာ မိုးရွာသွန်းပြီး တာဘောင်ရေကျော်မှုတွေကြောင့် လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်စောင့်ကြည့်နေရဆဲဖြစ်တယ်လို့လည်း သိရပါတယ်။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်မှာလည်း ဒီကနေ့ မနက်ပိုင်းမှာ ချောင်းရေအဆင်းများပြီး အိမ်ခြေ ၂၀ ကျော်နှစ်မြုပ်ကာတိရစ္ဆာန်တစ်ချို့ သေဆုံးမှုတွေဖြစ်ခဲ့တယ်လို့ ကရင်ပြည်နယ်လူမှုရေးဝန်ကြီး စောဘိုဘိုဝေမောင်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ဓာတ်ပုံ-စောဘိုဘိုဝေမောင် (ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ရေနစ်မြှုပ်နေသည့် အိမ်ခြေများကိုတွေ့ရစဉ်)

ကြာအင်းဆိပ်ကြီးမြို့နယ် ရပ်ကွက် (၆) မှာ ရေကြီးနစ်မြှုပ်မှု ဖြစ်ပွားနေပြီးတော့ ဒီကနေ့ သြဂုတ်လ ၃ ရက် မွန်းလွဲပိုင်းအထိ မိုးအဆက်မပြတ်ရွာသွန်းနေဆဲဖြစ်တယ်လို့ ကရင်ပြည်နယ် လွှတ်တောတ်ကိုယ်စားလှယ် ဦးတင်မျိုးဦးက Duwun ကို ပြောပါတယ်။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ၊ထားဝယ်- ရန်ကုန် ကားလမ်းမပေါ်မှာလည်း မိုးဆက်တိုက်ရွာသွန်းပြီး ရေကျော်မှုတွေ ဖြစ်ပွားနေတာကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲ၊ ကြက်ခြေနီနဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေ ပူးပေါင်းပြီး လမ်းရှင်းပေးနေရတယ်လို့ မြန်မာနိုင်ငံမီrးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။


Share

Loading Next Article...
က္က