ပြည်ထဲရေးဝန်ကြီးဌာနကနေ သတင်းထုတ်ပြန်ထားပါတယ်

ဇန်နဝါရီ ၄ ရက်နေ့က သထုံမြို့နယ် နောင်ကုလားကျေးရွာမှာနေတဲ့ စိုးမင်းသူ မောင်းနှင်လာတဲ့ သုံးဘီးဆိုင်ကယ်နဲ့ ရထားတစ်စင်းတိုက်မိတာကြောင့် သေဆုံးသူ သုံးဘီးယာဉ်မောင်း စိုးမင်းသူကို ရထားပို့ဆောင်ရေးပုဒ်မနဲ့ အမှုဖွင့်ထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကနေ သတင်းထုတ်ပြန်ထားပါတယ်

ဓါတ်ပုံ-ပြည်ထဲရေး

ဖြစ်စဉ်မှာ သုံးဘီးဆိုင်ကယ်က နောင်ကုလားဘူတာနဲ့ နောင်တိုဘူတာကြား မိုင်တိုင် (၁၃၃ ၁-၂ ) တရားမဝင် သံလမ်းကူးနေရာကို ဖြတ်ကူးခဲ့စဉ်မှာ မော်လမြိုင်- ရန်ကုန် အမှတ် (၉၀) အစုန်ရထားနဲ့ တိုက်မိတာဖြစ်ပြီးတော့ စိုးမင်းသူမှာ ဦးခေါင်း ယာလက်မောင်း ဝဲပေါင်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်

အတူလိုက်ပါလာသူကတော့ ခေါင်းမူးတဲ့ မစိုးရိမ်ရ ဒဏ်ရာသာရရှိခဲ့တာကြောင့် သထုံဆေးရုံ့ကို တင်ပို့ခဲ့တာဖြစ်ပြီးတော့ သထုံဘူတာမြန်မာ့မီးရထားဌာနကအငယ်တန်းအင်ဂျင်နီယာကနေပြီးတော့ တိုင်တန်းတာကြောင့် သေဆုံးသူကို သထုံမြို့မရဲစခန်း( ပ) ၉ ၂၀၁၉ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၅ နဲ့ အမှုဖွင့်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်



ဆက်စပ်အကြောင်းအရာများ



က္က