အိပ်ခန်းအတတွင်း ဘက်ထရီးအိုးနဲ့အားသွင်းရင်း ဖုန်းပေါက်ကွဲခဲ့တာပါ။

ဖုန်းအားသွင်းနေရင်း အပူလွန်ကဲ ဖုန်းပေါက်ကွဲပြီး အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မီးလောင်သေဆုံးခဲ့မှု ရှမ်းပြည်နယ် ဟိုပုံးမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။


ဇွန်လ ၁ ရက်နေ့က ဟိုပုံးမြို့နယ်၊ နားလုံကျေးရွာ အမျိုးသမီးငယ် ၁ ဦးမီးလောင်သေဆုံးသွားကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်စစ်ဆေးရာ အသက် ၁၅ နှစ်အရွယ် မနန်းခမ်းပျှဉ်းဆိုသူမှာ နေအိမ်အိပ်ခန်းအတွင်း မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။





ဖြစ်စဉ်ကို စုံစမ်းရာ မေလ ၃၁ ရက် ည ၁၀ နာရီခွဲအချိန်လောက်က မနန်းခမ်းပျှဉ်းမှာ အိပ်ခန်းအတွင်း ဆိုလာပြားနဲ့ ချိတ်ဆက်ထားတဲ့ ဘက်ထရီးအိုးနဲ့ ဖုန်းအားသွင်းနေစဉ် အပူလွန်ကဲ ဖုန်းပေါက်ကွဲပြီး အိပ်ယာခင်းကို မီးစွဲလောင်ခဲ့တယ်လို့ စစ်ဆေးချက်အရ သိရပါတယ်။

ဖုန်းပေါက်ကွဲမှုကြောင့် ခန္ဓာကိုယ်အောက်ပိုင်းကို ထိခိုက်မိပြီး သတိလစ်နေစဉ် အိပ်ယာခင်းကတစ်ဆင့် ခန္ဓာကိုယ်ကို မီးစွဲလောက်ပြီး အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်ကွဲသံကြားပြီး မီးလောင်ကျွမ်းတာကို သေဆုံးသူရဲ့ မောင်ဖြစ်သူ အသက် ၉ နှစ်အရွယ် စိုင်းဆဲဆိုသူက တွေ့ရှိပြီး အစ်မဖြစ်သူ နန်းခမ်းလှကို သွားရောက်နှိုးခဲ့တယ်လို့သိရပါတယ်။

 နန်းခမ်းလှက ပတ်ဝန်းကျင်ကိုအော်ဟစ်အကူအညီတောင်းခဲ့ကာ မီးဝိုင်းငြိမ်းသတ်ခဲ့ရပြီး ည ၁၁ နာရီလောက်မှာ မီးငြိမ်းသွားခဲ့တယ်လို့သိရပါတယ်။

လက်ရှိတော့ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဟိုပုံးမြို့မရဲစခန်း (ပ)၄၅/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၅/၃၀၄-က(မီးလောင်မှု၊ ပေါ့လျော့မှုကြောင့် လူသေမှု)နဲ့အမှုဖွင့်စစ်ဆေးနေတယ်လို့ ပြည်ထဲရေးထုတ်ပြန်ချက်အရသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က