ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနကိုပြောလိုက်တာပါ။

တယ်လီဖုန်းဆက်သွယ်ရေးကုမ္ပဏီတွေကနေ သုံးစွဲနေသူတွေရဲ့ ကြိုတင်ပေးငွေတွေထဲကနေ မလျော်မကန် ဖြတ်တောက်နေတာကို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန အနေနဲ့ သေချာကိုင်တွယ်ဖြေရှင်းဖို့ ပြည်သူ့လွှတ်တော်က တိုက်တွန်းလိုက်ပါတယ်။



Photo - changleo

ဆက်သွယ်ရေးသုံးစွဲ နေသူတွေအပေါ် စားသုံးသူအခွင့်အရေးချိုးဖောက်နေတဲ့ ဆက်သွယ်ရေးလိုင်စင် (Service Provider) ရရှိထားတဲ့ ဆက်သွယ်ရေးကုမ္ပဏီများတွေကို ပြဋ္ဌာန်းပြီးဖြစ်တဲ့ ဆက်သွယ်ရေး ဥပဒေ၊ နည်းဥပဒေအရလည်းကောင်း၊ စားသုံးသူ အကာအကွယ်ပေးရေးဥပဒေ၊ နည်းဥပဒေအရသော်လည်ကောင်း ကြပ်မတ်စစ်ဆေး အရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိ၊ မရှိကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ ပြည်သူလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးလှမိုးက မေးမြန်းခဲ့ပါတယ်။

Photo - changleo

အဲ့ဒီမေးခွန်းနဲ့ပတ်သက်ပြီး ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးကလွှတ်တော်မှာလုပ်ဆောင်နေမှုတွေကိုဖြေကြားခဲ့ပါတယ်။

ဒုတိယဝန်ကြီးရဲ့ဖြေကြားချက်အပြီးမှာတော့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးတီခွန်မြတ်ကနေ ဆက်သွယ်ရေးကုမ္ပဏီတွေအနေနဲ့ မလျော်မကန် ဖြတ်တောက်မှုတွေ ပေါ်ပေါက်နေတာနဲ့ပတ်သက်ပြီး ဘယ်လို ဖိဖိစီးစီး အရေးယူဆောင်ရွယ်မယ်ဆိုတာကို ဝန်ကြီးဌာနအနေနဲ့ အလျင်အမြန် ဆောင်ရွက်ပေးဖို့ လိုမှာ ဖြစ်ပါတယ်လို့ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

အာင်မြေသာစံ မဲဆန္ဒနယ်က ဒေါက်တာလှမိုးရဲ့ထောက်ပြချက်အရတော့ ဆက်သွယ်ရေးကုမ္ပဏီတွေက သုံးစွဲသူတွေဆီကနေ ဖုန်းဘေတွေကို မလျော်မကန် ဖြတ်တောက်နေတာကြောင့် တနှစ်ကို ကျပ်ငွေ ၂၅ ဘီလီယံ လောက် နစ်နာဆုံးရှုံးနေရတယ်လို့ ခုလို ထောက်ပြခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က