ဆီဖြည့်နေစဉ် ဖုန်းမပြောဖို့ တားမြစ်ထားပါတယ်

ဆီဘောက်ဆာကားပေါ်မှ ဆီသံဆီကန်အတွင်းကို ဆီထည့်နေစဉ် လက်ကိုင်ဖုန်းပြောခဲ့တာကြောင့် လက်ကိုင်ဖုန်းပေါက်ကွဲပြီး လူသေမှုတစ်ခု မုံရွာမြို့နယ်မှာဖြစ်ပွားခဲ့ပါတယ်။



Photo- Duwun

၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၆ နာရီအချိန် က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ အသက် ၃၅နှစ်အရွယ် ယာဉ်နောက်လိုက် ပြည့်စုံအောင် ဆိုသူဖြစ်တယ်လို့ မုံရွာရဲ့တပ်ဖွဲ့က တာဝန်ရှိသူက Duwun ကို အတည်ပြုပြောကြားပါတယ်။

မုံရွာမြို့နယ်၊ ကျောက္ကာ(မြောက်) ကျေးရွာ မြောက်ဘက်(၁)မိုင်ခန့်အကွာ ရေနံကုန်းက ရွှေရည်လင်း ရေနံချက်ဖိုခြံဝင်းအတွင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီးဆီဘောက်ဆာယာဉ် ပေါ်က ဒီဇယ်ချက်ဆီ ၁၀၀၀ ဂါလံကို သံဆီကန်ထဲ ထည့်နေစဉ်ဖြစ်တာပါ။

ဒီဇယ်ချက်ဆီအား ဆီဂေါက်ဖြင့် ဖြည့်နေစဉ် ဖုန်းပြောခဲ့ရာမှတဆင့် ဖုန်းပေါက်ကွဲသွားပြီး ရရှိသည့် ဒဏ်ရာများ နှင့် သေဆုံးသွားသောဖြစ်စဉ် တစ်ခု မုံရွာမြို့နယ်ထဲတွင် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဖုန်းပေါက်ကွဲသွားပြီး သူ့ရဲ့ရင်ဘတ်နဲ့ ခြေထောက်တွေမှာ မီးလောင်ဒဏ်ရာတွေရရှိသွားတာကြောင့် မန္တလေးဆေးရုံကြီးကို တင်ပို့ကုသခဲ့ပေမယ့် သေဆုံးသွားခဲ့ပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သေဆုံးသူ ပြည့်စုံအောင်ကို မုံရွာနယ်မြေ ရဲစခန်း(ပ)၄၄၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က လူသေစေမှုနဲ့ အမှုဖွင့်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က