G Bank က မြန်မာနိုင်ငံအနှံ့ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းတွေ ပေးသွားမှာပါ

G Bank က မြန်မာနိုင်ငံအနှံ့ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းတွေ ပေးနိုင်ဖို့ ယခု ၂၀၂၀ နှစ်အတွင်း ရန်ကုန်၊ မြဝတီ၊ မူဆယ်၊ တာချီလိတ်နဲ့ တောင်ကြီး စတဲ့မြို့တွေမှာ ဘဏ်ခွဲတွေ ဖွင့်လှစ်သွားမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

လက်ရှိမှာတော့ G Bank အနေနဲ့ ရုံးချုပ်ကို ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံ ယုဇနလမ်းမှာ ဖွင့်လှစ်ထားပြီး ပြည်တွင်းငွေလွှဲလုပ်ငန်း၊ ငွေအမိန့်ပေးလုပ်ငန်းနဲ့ အပ်ငွေ၊ချေးငွေ လုပ်ငန်းတွေကို ဝန်ဆောင်မှုပေးလျက်ရှိနေတာပါ။ နောက်ထပ်အသစ်ဖွင့်လှစ်သွားမယ့် ဘဏ်ခွဲတွေကို မြဝတီမြို့ နံပါတ် (၄)ရပ်ကွက်၊ မူဆယ်မြို့မှာ ပြည်ထောင်စုလမ်း၊ တောင်ကြီးမြို့မှာ ဗိုလ်ချုပ်အောင်ဆန်းလမ်း ၊ တာချီလိတ်မြို့မှာ စံဆိုင်း (က)ရပ်ကွက် နဲ့ ရန်ကုန်မြို့မှာ ဗိုလ်မြတ်ထွန်းလမ်း စတဲ့ နေရာတွေမှာ ဖွင့်လှစ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။နည်းပညာတိုးတက်နေတဲ့ အခုလို ခေတ်ကာလမှာ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းကို ပြည်သူတွေ လက်လှမ်းမီအောင် ခေတ်မီ နည်းပညာတွေကို သုံးပြီး ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ပေးနိုင်အောင် အစဉ်အမြဲကြိုးစား လျက်ရှိကြောင်းလည်း သိရပါတယ်။

G Bank အနေနဲ့ ဘဏ်ခွဲကို ၂၀၁၈ခုနှစ် စက်တင်ဘာလမှာ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ စတင်ဖွင့်လှစ်ခဲ့တာပါ။အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ နိုင်ငံ့စီးပွားရေးကဏ္ဍရဲ့ ဘဏ်လုပ်ငန်းဝန်ဆောင်မှု အသစ်သစ်တွေကို တိုးချဲ့လုပ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ ဖွင့်လှစ်ခဲ့တာပါ။ နောက်ပိုင်းမှာလည်း မြန်မာနိုင်ငံရဲ့ အဓိကအသက်သွေးကြော ဖြစ်တဲ့ လယ်ယာကဏ္ဍ ဖွံဖြိုးတိုးတက်လာဖို့ စိုက်ပျိုးရေးနဲ့ ဆက်စပ်ကဏ္ဍတွေ အတွက် ပိုကောင်းတဲ့ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေပေးနိုင်ဖို့ ကြိုးစားလုပ်ဆောင်သွားမယ်လို့လည်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

(ဒီသတင်းကို G-Bank မှပံ့ပိုးကူညီထားပါတယ်)

Share

Loading Next Article...
က္က