ဆေးလိပ်ကြောင့် နှစ်စဉ်သေဆုံးသူ (၇) သိန်းခန့်ရှိပါတယ်။
Mi Thawdar Aung

ရန်ကုန်တိုင်းအတွင်းရှိ အလုံ၊ လသာ၊လမ်းမတော်၊ ကျောက်တံတား၊ပန်းဘဲတန်း၊ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ရန်ကင်း၊မင်္ဂလာဒုံနဲ့ သန်လျင်မြို့နယ်တို့ကို ဆေးလိပ်ကင်းစင်ရေးနယ်မြေဖြစ်အောင် လုပ်ဆောင်မယ်လို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းကနေ သိရပါတယ်။

အဆိုပါ မြို့နယ်အတွင်းရှိ အချို့နေရာတွေကို ဆေးလိပ်မသောက်ရ နေရာတွေ အဖြစ် သတ်မှတ်လုပ်ဆောင်နေပြီး ၂၀၁၈ ခုနှစ်တုန်းက ကျောက်တံတားမြို့နယ်ရှိ နေရာ (၂၂၀) ကို ဆေးလိပ်ကင်းစင်ရေးနယ်မြေအဖြစ်သတ်မှတ်နိုင်ခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ ဥက္ကဌ ဒေါက်တာသန်းစိန်က Duwun ကိုပြောပါတယ်။ 

အဓိကအားဖြင့် စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ၊ လေဆိပ်၊ သဘောၤဆိပ်နဲ့ အများပြည်သူသက်ဆိုင်တဲ့နေရာတွေမှာ ဆေးလိပ်ငွေ့ကင်းစင်ရေး နယ်မြေဖြစ်အောင် အသိပညာပေးတွေ လုပ်ဆောင်နေတာလို့ ဆိုပါတယ်။

“ ဥပဒေအရ အကောင်အထည်ဖော်တာပါ။ သတ်မှတ်ထားတဲ့နေရာတွေမှာ ဆေးလိပ် မသောက်ရအောင်လုပ်ဖို့က သက်ဆိုင်ရာ တာဝန်ခံတွေက ပြောဖို့ တာဝန်ရှိပါတယ်။ ဥပမာ စားသောက်ဆိုင်မှာ ဆေးလိပ်မသောက်ရဘူးလို့ ကြေညာထားရင် စားသောက်ဆိုင်တာဝန်ရှိသူက ပြောခွင့်ရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့က ပညာပေးဆောင်ရွက်နေတာပါ” လို့ ဒေါက်တာသန်းစိန်က Duwun ကိုပြောပါတယ်။

တစ်ကမ္ဘာလုံးမှာ နှစ်စဉ် ဆေးလိပ်နဲ့ ဆေးရွက်ကြီးသောက်သုံးမှုကြောင့် သေဆုံးသူ ရှစ်သန်းကျော်ရှိတဲ့ အနက် လူ (၁) သန်းကတော့ အခြားသူတွေရဲ့ဆေးလိပ်ငွေ့ကို ရှုရှိုက်နေရတာကြောင့် သေဆုံးနေရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ သေဆုံးသူ ခုနှစ်သိန်းခန့်ရှိနေပြီး တစ်သိန်းခန့်မှာ အခြားသူတွေ သောက်သုံးတဲ့ ဆေးလိပ်ငွေ့ကို ရှုရှိုက်နေရတာကြောင့်သေဆုံးခဲ့ရကာ သေဆုံးသူတွေမှာ အထူးသဖြင့် အမျိုးသမီးနဲ့ ကလေးငယ်များ ပါဝင်နေတယ်လို့လည်း ဆိုပါတယ်။


က္က