မူလသတ်မှတ်ထားတဲ့ရက်တွေထက် ပိတ်ရက်တွေတိုးပြီးသတ်မှတ်လိုက်တာပါ။

မူလသတ်မှတ်ထားတဲ့ ပိတ်ရက်တွေက စနေ၊တနင်္ဂနွေ ပိတ်ရက်တွေနဲ့ တိုက်ဆိုင်နေတာကြောင့် အများပြည်သူပိတ်ရက်တွေမှာ ဝန်ထမ်းတွေ မနစ်နာစေဖို့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက အခုလိုပိတ်ရက်တွေကို ပြင်ဆင်သတ်မှတ်လိုက်တာဖြစ်ပါတယ်။ 

photo-ပြည်ထောင်စုအစိုးရအဖွဲ့ရုံး

၂၀၂၀ခုနှစ် ပြက္ခဒိန်နှစ်အတွင်း သတ်မှာထားတဲ့ ရုံးပိတ်ရက်များကို ပိတ်ရက်ထပ်တိုးပြီး ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ယခင်သတ်မှတ်ထားတဲ့ ရုံးပိတ်ရက်တွေက စနေ၊တနင်္ဂနွေ နေ့တွေနဲ့ တိုက်ဆိုင်နေတာကြောင့် ဝန်ထမ်းတွေနစ်နာမှုမရှိစေရေးအတွက် ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။ 

ပိတ်ရက်ထပ်တိုးလိုက်တာတွေက လွတ်လပ်ရေးနေ့၊ တပေါင်းလပြည့်နေ့၊ မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်များ၊ အာဇာနည်နေ့၊ သီတင်းကျွတ်ပိတ်ရက်များနဲ့ တန်ဆောင်တိုင်ပိတ်ရက်များ ပါဝင်ပါတယ်။ ပိတ်ရက်တွေကိုတော့ လွတ်လပ်ရေးနေ့ကို (၃)ရက်၊ တပေါင်းလပြည်နေ့ကို (၂)ရက်၊ မြန်မာနှစ်သစ်ကူးရုံးပိတ်ရက်ကို (၈)ရက်၊ အာဇာနည်နေ့ကို(၂)ရက်၊ သီတင်းကျွတ်ရုံးပိတ်ရက်ကို (၅)ရက်၊ တန်ဆောင်တိုင်ရုံးပိတ်ရက်ကို (၄)ရက်ဆိုပြီး အသီးသီးပြင်ဆင်သတ်မှတ်လိုက်တာပါ။

photo-ပြည်ထောင်စုအစိုးရအဖွဲ့ရုံး

ရုံးပိတ်ရက်တွေက စနေ၊တနင်္ဂနွေတိုက်ဆိုင်နေတာကြောင့် ဝန်ထမ်းတွေနစ်နာမှုမရှိအောင်ဆိုပြီး ယခု၂၀၁၉ခုနှစ် ပြက္ခဒိန်နှစ်အတွင်း မှာလည်း သီတင်းကျွတ်ရုံးပိတ်ရက်နဲ့ တန်ဆောင်တိုင်ရုံးပိတ်ရက်တွေကို ပိတ်ရက်တိုးပြီး ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။ ဒီနှစ်အတွက် သီတင်းကျွတ်ရုံးပိတ်ရက်နဲ့ တန်ဆောင်တိုင်ရုံးပိတ်ရက်တွေကိုပြင်ဆင်သတ်မှတ်ကြောင်းထုတ်ပြန်ကြေညာပြီးနောက်မှာပဲ ၂၀၂၀ခုနှစ် ပြက္ခဒိန်နှစ်အတွင်း သတ်မှာထားတဲ့ ရုံးပိတ်ရက်များ ပြင်ဆင်သတ်မှတ်လိုက်ကြောင်းကို ထုတ်ပြန်ကြေညာခဲ့တာပါ။

Share

Loading Next Article...
က္က