အင်ဂျင်နီယာဘွဲ့နဲ့ မဟာအင်ဂျင်နီယာဘွဲ့တွေကို ပေးအပ်သွားမှာဖြစ်ပါတယ်။
Aye Myat Mon

၁၉၉၆ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးအနေနဲ့ နည်းပညာတက္ကသိုလ်( ရတနာပုံဆိုက်ဘာစီးတီး) မှာတက်ရောက်နေတဲ့ နိုင်ငံခြားသားကျောင်းသားတွေကို ဘွဲ့ပေးမယ်လို့ ရတနာပုံဆိုက်ဘာစီးတီး နည်းပညာတက္ကသိုလ်ကနေ သိရပါတယ်။

ဓါတ်ပုံ- နည်းပညာတက္ကသိုလ်(ဆိုက်ဘာစီးတီး)



“ဂျပန်နိုင်ငံ မီယာဆာကီတက္ကသိုလ်နဲ့ ကျွန်တော်တို့နဲ့အကြားမှာက အပြန်အလှန် double degree ဆိုတာ သဘောတူညီချက်ရှိပါတယ်။ သူတို့ဆီက ကျောင်းသားတွေနဲ့ ကျွန်တော်တို့ဆီက ကျောင်းသားတွေ အပြန်အလှန်စေလွှတ်ပြီးတော့ ဘွဲ့ကို ဒီဘက်ကလည်းရတယ်။ ဟိုဘက်ကလည်းရတယ်။ မာစတာဘွ့ဲနှစ်ခုကို တစ်ပြိုင်တည်းရတာပါ။ ” လို့ နည်းပညာတက္ကသိုလ်(ရတနာပုံဆိုက်ဘာစီးတီး) ကျောင်းသားသမဂ္ဂက အထွေထွေအတွင်းရေးမှုး ကိုဝေဖြိုးဟိန်းက Duwun ကိုပြောပါတယ်။

အဆိုပါဘွဲ့ပေးအပ်ဖို့အတွက် ဘွဲ့နှင်းသဘင်ကို ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီးတော့ အင်ဂျင်နီယာဘွဲ့နဲ့ မဟာအင်ဂျင်နီယာဘွဲ့တွေကို ပေးအပ်သွားမှာဖြစ်ပါတယ်။

နည်းပညာတက္ကသိုလ်( ရတနာပုံဆိုက်ဘာစီးတီး)နဲ့ ဂျပန်နိုင်ငံ မီယာဆာကီတက္ကသိုလ်အနေနဲ့ မဟာအင်ဂျင်နီယာဘွဲ့အတန်းအတွက် double master degree ကို ပူးပေါင်းဆောင်ရွက်နေပြီး ကျောင်းသားကျောင်းသူ (၃) ဦးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၁၇ ခုနှစ် မတ်လအထိ မဟာအင်ဂျင်နီယာ သုတေသနကျမ်းပြုစုခဲ့ပြီး တတိယအကြိမ်ဘွဲ့နှင်းသဘင်မှာ လာရောက်ဘွဲ့ယူမှာမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က