မနှစ်က အောင်ချက်ရာခိုင်နှုန်း ၃၂.၈၂ရာခိုင်နှုန်းရှိခဲ့တာပါ။

၂၀၁၉ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်ဟာ (၂၀၁၅) မှ (၂၀၁၉) ခုနှစ်ထိ (၅)နှစ်တာကာအတွင်းမှာ ဒုတိယအောင်ချက်အနည်းဆုံးနှစ်လည်းဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မတ်လအတွင်းက ကျင်းပစစ်ဆေးခဲ့တဲ့ တက္ကသိုလ်ဝင်အောင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဒီကနေ့ ဇွန်လ(၈)ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်ကြောညာခဲ့တာပါ။အောင်စာရင်းမထွက်ခင်ညနက်ပိုင်းလောက်ကတည်းက ကျောင်းသားများ၊ မိဘများဟာ သက်ဆိုင်ရာကျောင်းအသီးအသီးရှေ့မှာ လာရောက်စောင့်ဆိုင်းနေကြသူများစွာလည်းရှိခဲ့ပါတယ်။

၂၀၁၉ခုနှစ် တက္ကသိုလ်ဝင်အောင်စာရင်းကြည့်ရှုရန် စောင့်ဆိုင်းနေစဉ်

ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထုတ်ပြန်ချက်အရ အောက်ချက်ရာခိုင်နှုန်းဟာ မနှစ်က(၂၀၁၈)ခုနှစ်ထက်အောင်ချက်ရာခိုင်နှုန်းနည်းပါးကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

မနှစ်ကတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အောက်ချက်ရာခိုင်နှုန်း ၃၂.၈၂ ရာခိုင်နှုန်းရှိခဲ့ပြီး ဒီနှစ်မှာတော့ အောင်ချက်ရာခိုင်နှုန်းက ၃၁.၄၄ ရာခိုင်နှုန်းသာ ရှိခဲ့တာပါ။

၂၀၁၉ခုနှစ်တက္ကသိုလ်စာမေးပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဝင်ရောက်ဖြေဆိုခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူ ဦးရေ (၈၅၁၅၂၄)ဦးရှိခဲ့ပြီး (၂၆၇၆၉၆)ဦးအောင်မြင်ခဲ့တာပါ။ တိုင်းဒေသကြီးပြည်နယ်အလိုက်အောင်ချက်အကောင်းဆုံးအနေနဲ့ မွန်ပြည်နယ်က ၃၇.၅၄ ရာခိုင်နှုန်းနဲ့ အောင်မြင်ခဲ့ပြီး ၊ ဒုတိယအများဆုံး မန္တလေးတိုင်းဒေသကြီးက ၃၆.၁၃ ရာခိုင်နှုန်း၊တတိယအများဆုံး စစ်ကိုင်းတိုင်းဒေသကြီးက ၃၄.၁၅ ရာခိုင်နှုန်းနဲ့ အောင်မြင်ကြောင်းကိုလည်း စာစစ်ဦးစီးဌာနရဲ့ထုတ်ပြန်ကြေညာချက်မှာ ပါရှိပါတယ်။

“ဒီနှစ်က မနှစ်ကထက်ဆာရင် အောင်ချက်ရာခိုင်နှုန်းက ၁ရာခိုင်နှုန်းကျော်ကျော်လောက် နည်းနည်းလျော့သွားတဲ့သဘောမျိုးတွေ့ရပါတယ်။

ဒါပေမယ့်ဖြေဆိုသူဦးရေအနေနဲ့ ပြန်ကြည့်မယ်ဆိုရင် မနှစ်က (၂၀၁၈)စာမေးပွဲဖြေဆိုတာက ခုနှစ်သိန်းရှစ်သောင်းကျော် ဖြေဆိုပြီး ဒီနှစ် (၂၀၁၉)မှာ ရှစ်သိန်းငါးသောင်းကျော်ဖြေဆိုခဲ့တယ်။ အဲဒီ ဖြေဆိုမှုအပေါ်မှာ အောင်ချက်ပြန်နှိုင်းယှဉ်တဲ့အခါ ၂၀၁၈ခုနှစ်က နှစ်သိန်းငါးသောင်းကျော်အောင်တယ်။

ဒီနှစ်က နှစ်သိန်းခြောက်သောင်းကျော်အောင်မြင်တော့ အောင်မြင်သူ တစ်သောင်းကျော်လောက်တက်လာတယ်။အောင်မြင်သူတိုးလာပြီး အောင်ချက်ကျသွားတယ်ဆိုတာက ဖြေဆိုသူအပေါ်မှာ တွက်တဲ့အတွက်ကြောင့်ဖြစ်တယ် “ လို့ ဇွန်လ(၈)ရက်နေ့က မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှာ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ သိန်းဇံက Duwun ကိုပြောပါတယ်။





၂၀၁၅

ခုနှစ်မှ ၂၀၁၉ခုနှစ်အထိ အောင်ချက်နှိုင်းယှဉ်ချက်ဇယား


နိုင်ငံခြားမှာဖြေဆိုသူအနေနဲ့ကတော့ ၄၆.၂၂ ရာခိုင်နှုန်းအောင်မြင်ခဲ့တာပါ။ ပြီးခဲ့တဲ့ (၅)နှစ်တာ ကာလနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်က ဒုတိယအနည်းဆုံးနှစ်ဖြစ်ပြီး

ပထမအောင်ချက် အနည်းဆုံးနှစ်ကတော့ အောင်ချက် ၂၉.၉၂ ရာခိုင်နှုန်းသာရှိတဲ့ ၂၀၁၆ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းသာဖြစ်ပါတယ်။

Share

Loading Next Article...
က္က