တောင်ဥက္ကလာပ မဲဆန္ဒနယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်ကမေးမြန်းခဲ့တာပါ။
Mi Thawdar Aung

ရုပ်ရှင်ရုံတွေမှာ နိုင်ငံတော်အလံကို အလေးမပြုကြတာနဲ့ ပါတ်သတ်ပြီးတော့ အလံဥပဒေအရ စည်းကမ်းချက်လိုက်နာဆောင်ရွက်ပေးဖို့ လွှတ်တော်မှာ အောက်တိုဘာ ၂ ရက်နေ့က မေးမြန်းလိုက်ပါတယ်။



 

 

တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး၁၄ ရက်မြောက်နေ့မှာ တောင်ဥက္ကလာပ မဲဆန္ဒနယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က ရုပ်ရှင်ရုံတွေမှာ မြန်မာနိုင်ငံအလံ အလေးပြုမယ့် အစီအစဉ်မှာ မတ်တပ်ရပ်ပြီးအလေးပြုဖို့ စာနဲ့ ပြသထားပေမယ့် အလေးမထားဘဲ ထိုင်နေသူတွေကို တာဝန်ရှိသူတွေက ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊မရှိမေးမြန်းခဲ့တာဖြစ်ပါတယ်။

ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက နိုင်ငံတစ်ဝန်းက ရုပ်ရှင်မပြမီမှာ နိုင်ငံတော်အလံကို အလေးပြုဖို့ ညွှန်ကြားထားကြောင်းနဲ့ အလေးမပြုကြတဲ့သူတွေရှိတာကို တွေ့ရတာကြောင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ယခင်မြန်မာ့ လုပ်ငန်းစုရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ဖို့ ရုံးခွဲတွေနဲ့ လုပ်ငန်းစုရုံးတွေကို အကြောင်းကြားခဲ့ပြီး ရုပ်ရှင်ရုံတွေကိုလည်း အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ရုပ်ရှင်ရုံတွေဘက်ကလည်း နိုင်ငံတော်အလံကို အလေးပြုဖို့ မေတ္တာရပ်ခံတယ်လို့ စာတန်းထိုး ပြသထားပြီးတော့ ဒစ်ဂျစ်တယ်ရုံတွေမှာပါ ပြသဖို့ အခမဲ့ဖြန့်ဝေထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၂၀၁၀ ခုနှစ်က ထုတ်ပြန်တဲ့ နိုင်ငံတော်အလံဥပဒေ အခန်း (၄)၊ ပုဒ်မ ၁၃ ၊ ပုဒ်မခွဲ (ခ) ၊ ပုဒ်မခွဲငယ်(၃) မှာ နိုင်ငံတော်အလံကို မလေးမစားလုပ်ရင် သုံးနှစ်အထက်ပိုတဲ့ ထောင်ဒဏ်၊ ကျပ်သုံးသိန်းထက်မပိုတဲ့ငွေဒဏ်၊ နှစ်ရပ်လုံး ချမှတ်နိုင်တယ်လို့ ဖော်ပြထားတာကြောင့် ပြည်သူတွေလေးစားလိုက်နာဖို့ အသိပညာပေးနည်းလမ်းတွေနဲ့ ဆောင်ရွက်သွားမယ်လို့ ဖြေကြားခဲ့ပါတယ်။

 အောက်တိုဘာ ၂ ရက်နေ့ က ကျင်းပတဲ့ ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးမှာ ကြယ်ပွင့်ပြ မေးခွန်းတွေထဲက အဆိုပါမေးခွန်းတွေကို ဖြေကြားခဲ့တာဖြစ်ပါတယ်


ဆက်စပ်အကြောင်းအရာများ


Author


က္က