Ei Ei Htun

မန္တလေးမြို့ဂုဏ်ဆောင်မြို့မတူရိယာအသင်းကြီးကအခုနှစ်မန္တလေးသင်္ကြန်ပွဲမှာ မြို့မအလှပြယာဉ်ကြီးနဲ့ မန္တလေး လေးပြင်လေးရပ်လှည့်လည်ဖျော်ဖြေသွားမယ့်အပြင် ဒါရိုက်တာမီးပွားရဲ့ ရုပ်ရှင်ကားတစ်ကားမှာလည်း ပါဝင်သွားမယ်လို့သိရပါတယ်။

photo- Maung Htay Mdy

မန္တလေးမြို့ဂုဏ်ဆောင် မြို့မအပျော်တမ်းတူရိယာအသင်းကြီးက အခုနှစ်မန္တလေးသင်္ကြန်ပွဲမှာ မြို့မအလှပြယာဉ်ကြီးနဲ့ မန္တလေးလေးပြင်လေးရပ် လှည့်လည်ဖျော်ဖြေသွားမှာဖြစ်သလို ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားအတွက်လည်း ဇာတ်ဝင်ခန်းတွေရိုက်ပေးသွားရမှာဖြစ်တယ်လို့ မြို့မရဲ့ဥက္ကဋ္ဌဒေါက်တာလှခိုင်ကပြောပါတယ်။

“အကြိုနေ့မဏ္ဍပ်ဖွင့်ပွဲအပြီးကစလို့ မြို့တွင်းလှည့်လည်ဖျော်ဖြေသွားမှာပါ၊ ညပိုင်းမှာတော့ဖျော်ဖြေးရေးပြီးတာနဲ့ြ မို့တော်သင်္ကြန်မဏ္ဍပ်မှ ာရုပ်ရှင်အဖွဲ့သားတွေနဲ့ ဇာတ်ဝင်ခန်းရိုက်ပေးဖို့ရှိတယ်"လို့ ဒေါက်တာ လှခိုင်က ပြောပါတယ်။

ရုပ်ရှင်ရိုက်ကူးဖို့အတွက် ဒါရိုက်တာ မီးပွားက အကူအညီတောင်းထားတာဖြစ်ကြောင်းလည်း သူက ဆက်လက်ပြောပြခဲ့ပါတယ်။

"ရုပ်ရှင်က ဒါရိုက်တာမီးပွားက အကူအညီတောင်းထားတာပါ စိုင်းစိုင်းခမ်းလှိုင်နဲ့ ရုပ်ရှင်ကားကြီးတစ်ကားရိုက်မယ်ပေါ့ ဒီလိုမျိုး မြို့မကိုအကူအညီတောင်းထားတာပါ" လို့ မြို့မရဲ့ဥက္ကဋ္ဌက Duwun ကို ဧပြီလ ၁၀ ရက်နေ့က ပြောခဲ့ပါတယ်။

လက်ရှိမှာတော့ မြို့မကငွေငန်းအလှပြယာဉ်ကြီးကိုပြင်ဆင်မှုတွေပြုလုပ်နေပြီး ရုပ်ရှင်ရိုက်ကွင်းလည်းရှိတာကြောင့် ဒီရက်အတွင်းအပြီးလုပ်သွားမယ်လို့သိရပါတယ်။

နှစ်စဉ်နှစ်တိုင်းမန္တလေးသင်္ကြန်ပွဲမှာမန္တလေး လေးပြင်လေးရပ်လှည့်လှည်ဖျော်ဖြေပေးတဲ့မြို့မယာဉ်က ဒီနှစ်ဖျော်ဖြေရေးမှာ မြို့မတေးရေးဆရာကြီးတွေရေးစပ်ပေးထားတဲ့ သီချင်းဟောင်းတွေအပြင် သီချင်းအသစ်လည်းပါဝင်မှာပါ။ မန္တလေးမြို့ဂုဏ်ဆောင်မြို့မအပျော်တမ်းတူရိယာအသင်းကြီးကို ၁၉၅၂ခုနှစ်ကမြို့မငြိမ်း မန္တလေးကလူငယ်တွေစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က