မေလ ၃၁ ရက်မှ ဇွန်လ ၁၀ ရက်အထိ ၁၁ ရက်တိုင်တိုင်ကျင်းပသွားမှာပါ။

ပုံမှန်ဈေးရောင်းပွဲတော်တွေလိုမဟုတ်ဘဲ ၂၄ နာရီအချိန်ပြည့် ဖွင့်လှစ်ရောင်းချပေးသွားမယ့်စာအုပ်ဈေးရောင်းပွဲတော်ကြီး ဖြစ်ပါတယ်။


အင်္ဂလိပ်ဘာသာနဲ့ရေးသားထုတ်ဝေထားတဲ့ သုတရသစာအုပ်တွေပါဝင်မယ့် ကမ္ဘာ့အကြီးဆုံးစာအုပ်ဈေးရောင်းပွဲတော် Big Bad Wolf Book Sale ကို မန္တလေး ချမ်းမြသာစည်မြို့နယ် သိပ္ပံလမ်းမကြီးပေါ်က Mandalay Convention Center မှာ မေလ (၃၁) ရက်မှ ဇွန်လ (၁၀) ရက်အထိ (၁၁) ရက်တိုင်အောင်ကျင်းပသွားမှာလို့သိရပါတယ်။



"ပုံမှန်ဈေးရောင်းပွဲတော်တွေလိုမဟုတ်ဘဲ ၂၄ နာရီအချိန်ပြည့် ဖွင့်လှစ်ရောင်းချပေးသွားမယ့်စာအုပ်ဈေးရောင်းပွဲတော်ပဲဖြစ်ပြီး ဒါဟာ ဈေးဝယ်သူတွေရဲ့အလုပ်ချိန်နဲ့အခြားအကြောင်းရင်းတွေကြောင့် ကန့်သတ်ထားတဲ့အချိန်အတွင်းလာရောက်နိုင်ခြင်းမရှိဆိုတဲ့တုံ့ပြန်ချက်တွေကြောင့် ၂၄ နာရီပတ်လုံးဖွင့်လှစ်ထားမှာဖြစ်တယ်" လို့ဈေးရောင်းပွဲတော်စီစဉ်သူ Read 2 Read (Myanmar)အဖွဲ့ရဲ့ဒါရိုက်တာဦးမျိုးအောင်က ဒီကနေ့ မေလ(၃၀)ရက်နေ့က မန္တလေးမြို့မှာကျင်းပပြုလုပ်တဲ့ The Big Bad Wolf Books ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

ဒီဈေးရောင်းပွဲတော်ကို လူတွေရဲ့ အသိပညာဗဟုသုတနဲ့စွမ်းဆောင်ရည်ကိုလှုံ့ဆော်နိုင်စေဖို့အတွက် ပေါင်းကူးတံတားတစ်ခုအဖြစ်ဖန်တီးပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ စီစဉ်တာလို့လည်းသိရပြီး ကမ္ဘာကြီးကိုပြောင်းလဲနိုင်စေမယ့် အဓိကနည်းလမ်းတွေထဲကတစ်ခုက စာအုပ်တွေကတစ်ဆင့်ပဲရနိုင်မှာဖြစ်တာကြောင့် တစ်ကြိမ်မှာအနည်းဆုံးစာအုပ်တစ်အုပ်ဖတ်နိုင်တဲ့နည်းလမ်းကလည်း The Big Bad Wolf Books ရဲ့အရေးပါတဲ့တာဝန်တစ်ခုဖြစ်နေလို့ The Big Bad Wolf Books ရဲ့ Group Head of Marketing ဖြစ်တဲ့ Mr.Dipak Madhavan ကပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က