Su-30SM တိုက်လေယာဉ် ၆ စီးဝယ်ထားတာပါ။
Hmue Eain Zaw

မြန်မာနိုင်ငံကို ပေးပို့မယ့် Su-30SM တိုက်လေယာဉ် ၆ စီးကို ရုရှားနိုင်ငံမှာ စတင်တပ်ဆင် ထုတ်လုပ်နေပြီဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

Photo - Andery Zahkarenko

၂၀၁၈ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ အပြန်အလှန်သဘောတူညီရေး စာချုပ်အရ အဲ့ဒီလေယာဉ် ၆ စီးကို မြန်မာနိုင်ငံကို မကြာခင် ပေးပို့တော့မှာဖြစ်တယ်လို့ ရုရှားသတင်းဌာန Sputnik က ဖော်ပြပါတယ်။

"အစိတ်အပိုင်းတပ်ဆင်မှုတွေ ပြုလုပ်နေပါပြီ။ မကြာခင်မှာ စာချုပ်အတိုင်းပေးပို့တော့မှာဖြစ်တယ်လို့။" မော်စကိုက အရာရှိက ပြောပါတယ်။ Su-30SM ဟာ အင်ဂျင်နှစ်လုံးတပ် တိုက်လေယာဉ်ဖြစ်ပြီး ရုရှားနိုင်ငံ Sukhio ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပါတယ်။ အဲ့ဒီတိုက်လေယာဉ်တွေဟာ ဝေဟင်ပစ်နဲ့ မြေပြင်ပစ် နှစ်မျိုးစလုံးလုပ်ဆောင်နိုင်ပြီး ပစ်မှတ်ကို တိကျစွာထိမှန်အောင် ပစ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

Photo - panorama.net

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဟာ ရုရှားနိုင်ငံမှာ ကျင်းပနေတဲ့ ၈ ကြိမ်မြောက်မော်စကို နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ညီလာခံ (8th Moscow Conference on International Security) ကို တက်ရောက်ခဲ့ပြီး စစ်ရေးဆိုင်ရာကိစ္စတွေ ဆွေးနွေးနေတာည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က