ခရီးသွား ၃.၁၅ ရာခိုင်နှုန်းတိုးတက်လာခဲ့ပါတယ်။

၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည်စုစုပေါင်း ၃.၅၅ သန်းအထိ လာရောက်လည်ပတ်ခဲ့တယ်လို့ မြန်မာနိုင်ငံ ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနကနေ သိရပါတယ်။



Photo - Shutterstock

ဖေဖော်ဝါရီ ၉ ရက်နေ့ က ထုတ်ပြန်တဲ့ အဲ့ဒီထုတ်ပြန်ချက်မှာ တရုတ်နိုင်ငံသားတွေ လာရောက်လည်ပတ်မှု အများဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။ အာရှဒေသမှ လာရောက်လည်ပတ်သူတွေကတော့ ၂၉၇,၄၀၀ ရှိပြီး ထိုင်းကနေတဆင့် လာရောက်လည်ပတ်ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ဝင်ရောက်ခဲ့တဲ့ အရေအတွက်နဲ့ ဆိုရင်တော့ ၃.၁၅ ရာခိုင်နှုန်းခန့်သာ တိုးတက်လာခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်တစ်နှစ်လုံးမှာ ကမ္ဘာလှည့်ခရီးသည်ဝင်ရောက်မှုဟာ ၃.၄၄ သန်းရှိခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာလအတွင်းက ဂျပန်နဲ့ တောင်ကိုရီးယား ကမ္ဘာလှည့်ခရီးသည်တွေကို ဗီဇာကင်းလွတ်ခွင့်ပြုခဲ့ပြီး တရုတ်နိုင်ငံသားတွေအတွက် ဆိုက်ရောက်ဗီဇာ အစီအစဉ် စတင်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ခရီးသွားကဏ္ဍတိုးတက်စေရန် လုပ်ဆောင်နေပေမယ့် ပြည်တွင်းငြိမ်းချမ်းရေး အခြေအနေနဲ့ ဝန်ဆောင်မှုပိုင်းဆိုင်ရာ အားနည်းနေသေးတာကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍကို ယှဉ်ပြိုင်ဖို့ပင် အခက်တွေ့နေနိုင်သေးတယ်လို့ ပြည်တွင်းခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက သုံးသပ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က